【 နိုင်ငံတကာ 】 ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ပျိုးထောင်ရေး နိုင်ငံရေးအတိုင်ပင်ခံများ ဆွေးနွေး

【 နိုင်ငံတကာ 】 ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ပျိုးထောင်ရေး နိုင်ငံရေးအတိုင်ပင်ခံများ ဆွေးနွေး

ပေကျင်း၊ မတ် - ၃၁
 
တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့အဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) အမျိုးသားကော်မတီသည် ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် ပြုစုပျိုးထောင်ရေးကိုဆွေးနွေးရန်အတွက် နှစ်ပတ်တစ်ကြိမ် အစည်းအဝေးကို သောကြာနေ့တွင် ပြုလုပ်ခဲ့ပါတယ်။
 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ထိုအစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
 
အထူးအတိုင်ပင်ခံအဖွဲ့အဖြစ် CPPCC ၏ အခန်းကဏ္ဍကို အရှိန်မြှင့်တင်ရေးကို အလေးထားပြောပြီး ဝမ်က ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် တိုးတက်ရေးအတွက် နိုင်ငံရေးအတိုင်ပင်ခံများအနေဖြင့် အဓိကပြဿနာများကို အာရုံစိုက်ရန်၊ နက်နက်ရှိုင်းရှိုင်း သုတေသနလုပ်ရန် ရည်မှန်းချက်ထားပြီး ထိရောက်သော ဖြေရှင်းမှုများနှင့် အကြံပြုချက်များ တင်ပြရန်တောင်းဆိုခဲ့ပါတယ်။
 
CPPCC အမျိုးသားကော်မတီဝင် ၁၀ ဦး ထိုအစည်းအဝေးတွင် စကားပြောပြီး စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ဥပဒေပြုရေး ပိုမိုတိုးတက် ကျယ်ပြန့်အောင်လုပ်ရန်၊ တရားရေးအာမခံချက် တောင့်တင်း ကြံ့ခိုင်ရန်နှင့် တည်ငြိမ်ပွင့်လင်းမြင်သာ လုပ်ထုံးလုပ်နည်းအခြေပြု ကြိုတင်ခန့်မှန်းနိုင်သော ဥပဒေအခြေပြု စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် အားပေးရန် လိုအပ်ချက်များကို ဆွေးနွေးကြပါတယ်။
 
ပြည်သူ့တရားရုံးချုပ်၊ တရားရေးဝန်ကြီးဌာနနှင့် ဈေးကွက်လုပ်ထုံးလုပ်နည်းဆိုင်ရာ နိုင်ငံတော်ဌာနတို့မှ အရာရှိများက သက်ဆိုင်ရာကိစ္စများကိုတင်ပြပြီး နိုင်ငံရေးအတိုင်ပင်ခံများနှင့် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG