【 နိုင်ငံတကာ 】 အီရတ်မှ အစ္စလာမ်မစ်တော်လှန်ရေးက တယ်လ်အဗစ်မှ ဓာတ်အားပေးစက်ရုံကို ပစ်မှတ်ထား

【 နိုင်ငံတကာ 】 အီရတ်မှ အစ္စလာမ်မစ်တော်လှန်ရေးက တယ်လ်အဗစ်မှ ဓာတ်အားပေးစက်ရုံကို ပစ်မှတ်ထား

ဘဂ္ဂဒက်၊ မတ် - ၂၂

တယ်လ်အဗစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်မှတ်ထားနေကြောင်း အီရတ်မှ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့က ကြာသပတေးနေ့အစောပိုင်းတွင် ပြောပါတယ်။

ထိုအဖွဲ့က “အီရတ်မှ အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့မှ မူဂျာဟေဒင်များသည် ယနေ့ ကြာသပတေးနေ့ မတ်လ ၂၁ ရက်နေ့ အရုဏ်တက်ချိန်တွင် မိမိတို့၏ သိမ်းပိုက်ခံဒေသ တယ်လ်အဗစ်မှ ဓာတ်အားပေးစက်ရုံကို ဒရုန်းဖြင့် ပစ်မှတ်ထားသည်” ဟု ကြေညာခဲ့ပါတယ်။

သိမ်းပိုက်မှုကို တော်လှန်ရန်နှင့် ဂါဇာမှ မိမိတို့ပြည်သူများကို ထောက်ခံရန် စစ်ဆင်ရေး ဒုတိယဆင့် ပြီးစီးရေးနှင့် အပြစ်မဲအရပ်သား အကာအကွယ်မဲ့ ပါလက်စတိုင်းများကို ဇီယွန်ဝါဒီများက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို တုံ့ပြန်ရန် ရန်သူအမာခံဒေသများကို ဆက်လက်ဖျက်ဆီးမည်ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။

အီရတ်မှ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့က ၎င်းတို့သည် အစ္စရေးနိုင်ငံအတွင်းပိုင်းမှ ဘန်ဂူယီယမ်လေဆိပ်ကို ဒရုန်းဖြင့် ပစ်မှတ်ထားကြောင်း ကြေညာပြီးနောက် ၂၄ နာရီခန့်အကြာတွင် ယခု နောက်ထပ်ပစ်မှတ်တစ်ခုကို ကြေညာခြင်းဖြစ်ပါတယ်။

လွန်ခဲ့သော တနင်္လာနေ့တွင်လည်း အီရတ်မှ အစ္စလာမ်မစ် တော်လှန်ရေးအဖွဲ့သည် သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့်ဒေသမှ အစ္စရေး ဒရုန်းအခြေစိုက်စခန်းကို ဒရုန်းဖြင့် ပစ်မှတ်ထားကြောင်း ကြေညာခဲ့ပါတယ်။

ထိုအဖွဲ့က ၎င်းတို့သည် ဟိုင်ဖာလေဆိပ်ရှိ ဓာတ်အားပေးစက်ရုံကိုလည်း ပစ်မှတ်ထားကြောင်း မတ်လ ၅ ရက်နေ့ကကြေညာခဲ့ပြီး ထိုနေ့မတိုင်မီ ရက်အတန်ကြာအလိုကလည်း ဟိုင်ဇာဆိပ်ကမ်းမှ ဓာတုပစ္စည်း သိုလှောင်ရုံကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Shafaq News