【 နိုင်ငံတကာ 】 အိုဒက်ဆာအနီး ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်မှုအတွင်း ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

【 နိုင်ငံတကာ 】 အိုဒက်ဆာအနီး ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်မှုအတွင်း ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး

ကိယက်ဗ်၊ ဧပြီ - ၁၁

Iskander-M ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို အသုံးပြု၍ အိုဒက်ဆာမြို့အနီးသို့ ရုရှားစစ်တပ်က ပစ်ခတ်ခဲ့ရာမှာ ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း အိုဒက်ဆာဒေသဆိုင်ရာ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲ အိုလက်ရှ်ကီပါက ကြေညာခဲ့ပါတယ်။

Iskander-M ပဲ့ထိန်းဒုံးကျည်မှာ ရေပြင်အခြေစိုက် ဒုံးကျည်အမျိုးအစားဖြစ်ကာ ပင်လယ်နက်ရှိ အိုဒက်ဆာ အိုဘလက်ကနေ ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။

“ဒဏ်ရာရသူ ၁၄ ဦးလောက်ရှိတာကို သိပါတယ်။၎င်းတို့အနက် ၄ ဦးက ပြင်းထန်သော အခြေအနေမှာရှိပြီး ၅ ဦးကတော့ တော်ရုံတန်ရုံအခြေအနေမှာရှိပါတယ်။အခြား ၅ ဦးကတော့ သာမန်ဒဏ်ရာအနည်းငယ်ပါ။သေဆုံးသူတွေထဲမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးပါပြီး နောက်ကျောနဲ့ ဦးနှောက်မှ ဗုံးစထိမှန်တဲ့ ဒဏ်ရာတွေ” ဟု တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများသည် အလုပ်ချိန်ပြီးဆုံးချိန် ပြန်လာရာတွင် ရုရှား၏ နှစ်ကျော့တိုက်ခိုက်မှုကြောင့် သားကောင်များဖြစ်ခဲ့ရကြောင်း ယူကရိန်းတောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ တယ်လီဂရမ်တွင် ပြောခဲ့ပါတယ်။

“ပျက်စီးသွားတဲ့ ဓာတ်ဆီဆိုင်က မီးလောင်နေတုန်း၊ ဆိုင်တွေ၊ ဂိုဒေါင်တွေ၊ စီမံခန့်ခွဲရေးအဆောက်အအုံတွေနဲ့ ကိုယ်ပိုင်အိမ်တွေပါ ပျက်စီးကုန်တယ်” ဟု ယူကရိန်းတောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့၏ တယ်လီဂရမ်တွင် ပြောခဲ့ပါတယ်။

အိုဒက်ဆာအာဏာပိုင်များက “သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ” ကို ရုရှားက ပစ်မှတ်ထားကြောင်းဆိုပြီး ရုရှား တယ်လီဂရမ်ချန်နယ်များမှာတော့  အိုဒက်ဆာအနီးရှိ Chornomorsk ဆိပ်ကမ်းမြို့က တံတားတစ်ခု တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Euromaidanpress