【 နိုင်ငံတကာ 】 အသေခံကားဗုံးခွဲမှုကြောင့် ဆိုမာလီယာအလယ်ပိုင်းမှာ ဒါဇင်နှင့်ချီသေဆုံးကာ အများအပြားဒဏ်ရာရ

【 နိုင်ငံတကာ 】 အသေခံကားဗုံးခွဲမှုကြောင့် ဆိုမာလီယာအလယ်ပိုင်းမှာ ဒါဇင်နှင့်ချီသေဆုံးကာ အများအပြားဒဏ်ရာရ

မိုဂါဒစ်ရှူး၊ စက်တင်ဘာ - ၂၅

ဆိုမာလီယာအလယ်ပိုင်း၊ ဘလီဒီဝိန်းမြို့၊ စစ်ဆေးရေးဂိတ်တစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာတဲ့ ကားတစ်စီးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၈ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

ဟီရမ်ဒေသမြို့တော်ဖြစ်တဲ့ ဘလီဒီဝိန်းက ဟိရာရှာဘယ်လီပြည်နယ်ထဲမှာ ရှိတာဖြစ်ပြီး အရှေ့အာဖရိက၏ အယ်လ်ကေးဒါးအဖွဲ့ခွဲဖြစ်တဲ့ အယ်လ်ရှာဘတ်အစွန်းရောက်တွေကို ဆိုမာလီအစိုးရရဲ့ နောက်ဆုံးထိုးစစ်ဆင်မှု ဗဟိုချက်လည်းဖြစ်ပါတယ်။

ပေါက်ကွဲမှုကိုတွေ့ခဲ့တဲ့ မျက်မြင်တစ်ဦးဖြစ်တဲ့ အစ္စမေးလ် အလီက “တိုင်းပြည်အတွက် ကြေကွဲစရာအဖြစ်ပါ။စကားလုံးတွေနဲ့ ဝမ်းနည်းမှုကို ဖော်ပြလို့တောင်မရပါဘူး” လို့ ပြောခဲ့ပါတယ်။

သူက ဆက်ပြီး “ဒီဧရိယာ ဘယ်လောက်လူဦးရေထူထပ်တယ်ဆိုတာ စိတ်ကူးကြည့်လိုက်၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားတဲ့ ကားဂိုဒေါင် (၃) ရုံရှိပြီး ယာဉ်အစီးရေအများအပြားနှင့် စီးနင်းသူတွေ။ပြီးတော့ ဒီလူတွေအားလုံး ပေါက်ကွဲမှုမှာ သေဆုံးခဲ့တာ၊ အားလုံးက အပြစ်မဲ့သူတွေပါ” ဟုလည်း ပြောပါတယ်။

ဆိုမာလီယာရဲ့ အချို့အစိတ်အပိုင်းများကို ထိန်းချုပ်ထားပြီး ထိုကဲ့သို့သော တိုက်ခိုက်မှုများကို လုပ်ဆောင်လေ့ရှိသည့် အယ်လ်ရှာဘတ်အဖွဲ့က ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ချက်ချင်းတာဝန်မခံပေ။

သေဆုံးသူအရေအတွက်ကို ဆက်လက်ဖော်ထုတ်နေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ယခုတိုက်ခိုက်မှုအပေါ် ဒေသအုပ်ချုပ်ရေးမှူးက ရှုတ်ချခဲ့ပါတယ်။

Linko
Ref - Guardian