【 နိုင်ငံတကာ 】 အမေရိကန်၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို စိုးရိမ်ကြောင်း တရုတ်ပြော

【 နိုင်ငံတကာ 】 အမေရိကန်၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို စိုးရိမ်ကြောင်း တရုတ်ပြော

ဝါရှင်တန်၊ ဧပြီ - ၁၈
 
အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များနှင့် တရုတ်၏ ထုတ်လုပ်နိုင်စွမ်းနှင့်ပတ်သက်သည့် နောက်ထပ်တုံ့ပြန်မှုများကို စိုးရိမ်ကြောင်း ဝါရှင်တန်ဒီစီတွင် အင်္ဂါနေ့က ကျင်းပသည့် တရုတ်-အမေရိကန် စီးပွားရေးလုပ်ငန်းအုပ်စု အစည်းအဝေးတွင် ပြောကြားလိုက်ပါတယ်။
 
ထိုအစည်းအဝေးကို တရုတ်ဘဏ္ဍာရေး ဒုဝန်ကြီး လျှောင်မင်းနှင့် အမေရိကန်ဒုတိယဘဏ္ဍာရေး၀န်ကြီး ဂျေးရှမ်ဘော့တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
 
နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ မက်ခရို စီးပွားရေးအခြေအနေနှင့် တစ်ကမ္ဘာလုံး ညီမျှစွာ တိုးတက်ရေးတို့နှင့်ပတ်သက်ပြီး နက်ရှိုင်း၊ ပွင့်လင်း၊ လက်တွေ့ကျပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်ဘဏ္ဍာရေး၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG