【 နိုင်ငံတကာ 】 အနာဂတ် အခွင့်အလမ်းများသည် တရုတ်နိုင်ငံတွင် ရှိနေသည်ဟု ပိုအော် အာရှဖိုရမ် တက်ရောက်လာသူများက ဆို

【 နိုင်ငံတကာ 】 အနာဂတ် အခွင့်အလမ်းများသည် တရုတ်နိုင်ငံတွင် ရှိနေသည်ဟု ပိုအော် အာရှဖိုရမ် တက်ရောက်လာသူများက ဆို

ပေကျင်း၊ မတ် - ၃၁

မကြာသေးမီက ကျင်းပခဲ့သော ပိုအော် အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် တက်ရောက်လာသူအများအပြားက တရုတ်နိုင်ငံသည် အလွန်ကြီးမားသော စျေးကွက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့်မားသော တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းစနစ်၊ လူရည်ချွန်နှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်များတွင် အားသာချက်များရှိနေကြောင်း၊ တရုတ်စီးပွားရေးသည် ရေရှည်ခံနိုင်ရည်အားကောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာသစ်များရှိကြောင်း ပြောကြားခဲ့ကြသည်ဟု China Media Group သတင်းအရ သိရပါတယ်။

ယခုနှစ် ဖိုရမ်အတွင်း ပါဝင်သူများသည် တရုတ်နိုင်ငံ၏ လျင်မြန်သော မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အလွန်သဘောကျခဲ့ကြပါတယ်။

ယခုနှစ် ဖိုရမ်သည် ပိုအော် အာရှဖိုရမ် သုည ကာဗွန် စံပြဇုန် (Zero-Carbon Demonstration Zone) ကို စတင်ပြီးနောက် ကျင်းပသည့် ပထမဆုံးအကြိမ် နှစ်ပတ်လည် အစည်းအဝေးဖြစ်သည်။နေရာအားလုံးသည် မြစိမ်းရောင် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ဖော်ဆောင်ပြီး ကာဗွန်ဓာတ်ပြယ်မှု (carbon neutral) ရှိသော အစည်းအဝေး ကျင်းပရန် ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။

သက်ဆိုင်ရာ အချက်အလက်များအရ တရုတ်နိုင်ငံသည် မြစိမ်းရောင် အခြေခံအဆောက်အအုံ၊ မြစိမ်းရောင်စွမ်းအင်၊ မြစိမ်းရောင်နေထိုင်မှု စသည့် နယ်ပယ်များတွင် အတိုင်းအတာကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုဈေးကွက်ပမာဏသည် နှစ်စဉ် တရုတ် ယွမ်ငွေ ၁၀ ထရီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း သိရပါတယ်။

အတူတကွ ဖွံ့ဖြိုးတိုးတက်မှုသည် တံခါးဖွင့်မှုနှင့် ခွဲမရပေ။မကြာသေးမီက တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်ရန် ကန့်သတ်သည့် လုပ်ငန်းနယ်ပယ် အမည်စာရင်း ဆက်လက်လျှော့ချရေး၊ ကုန်ထုတ်လုပ်မှု ကဏ္ဍအပေါ် ကန့်သတ်ချက်များ ဘက်စုံဖျက်သိမ်းရေးနှင့် နိုင်ငံခြားကုမ္ပဏီများအား တရုတ်ကုမ္ပဏီများနှင့် တူညီသော အကျိုးခံစားခွင့်ရှိစေရေး အကောင်အထည်ဖော်ဆောင်ခြင်း စသည့် အဆင့်မြင့်မားသော တံခါးဖွင့်မှု ဆောင်ရွက်ချက်များ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံတွင် အသစ်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီအရေအတွက်သည် ၃၄.၉ ရာခိုင်နှုန်း တိုးလာကြောင်း နောက်ဆုံးအချက်အလက်များအရ သိရပါတယ်။

တရုတ်နိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုသည် အခြားနိုင်ငံများအတွက် အလွန်ကြီးမားသော စျေးကွက်နှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ပေးအပ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် တည်ငြိမ်မှု မြှင့်တင်ရေးအတွက်  အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

လူအများသည် တရုတ်နိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု၊ တံခါးဖွင့်မှုနှင့် အတူမျှဝေမှုရှိသည့် အနာဂတ်ကို တွေ့မြင်နေကြပါတယ်။