【 နိုင်ငံတကာ 】 အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား ၇ ဦး သေဆုံး

【 နိုင်ငံတကာ 】 အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား ၇ ဦး သေဆုံး

ဂါဇာ၊ ဧပြီ - ၃

နိုင်ငံတကာပရဟိတအဖွဲ့တစ်ခုသည် ငတ်မွတ်နေသော ပါလက်စတိုင်းများအတွက် အစားအစာဖြန့်ချိသည့်လုပ်ငန်းကို အင်္ဂါနေ့တွင် ရပ်ဆိုင်းလိုက်ရပါတယ်။

ဂါဇာတွင် လူသားချင်းစာနာမှုအကျပ်အတည်း သက်သာစေရန် ကြိုးစားနေသည့် World Central Kitchen ပရဟိတလုပ်ငန်းမှ အကူအညီပေးရေးလုပ်သား ၇ ဦး အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးပြီးနောက် ထိုသို့ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ပါတယ်။

ထိုပရဟိတလုပ်ငန်းမှ အကူအညီ တန်ချိန် ၂၄၀ ပါသော သင်္ဘောသည် တနင်္လာနေ့က ရောက်လာသော်လည်း ဂါဇာမှ ပြန်လည်ထွက်ခွာရသည်ဟု ဂါဇာသို့ ပင်လယ်လမ်းကြောင်းမှ ရိက္ခာပို့ရာတွင် အဓိကအခန်းမှပါဝင်နေသည့် ဆိုက်ပရပ်စ်နိုင်ငံက ပြောပါတယ်။

အစ္စရေးသည် ပျက်စီးယိုယွင်းနေသည့် ဂါဇာသို့ အကူအညီအနည်းငယ်ကိုသာ ခွင့်ပြုထားပါတယ်။ဂါဇာတွင် အငတ်ဘေးဆိုက်တော့မည်ဟု ကျွမ်းကျင်သူများက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့တပ်များသည် မရည်ရွယ်ဘဲ အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်မိကြောင်း ဝန်ခံခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုကို အရာရှိများ လေ့လာနေပြီး ထပ်မံ မဖြစ်စေရန် လုပ်ဆောင်နေကြောင်း သူကပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP