【 နိုင်ငံတကာ 】 အစ္စရေး ကမ္ဘာလှည့်ခရီးသည် ၂ ဦးနှင့် ဧည့်လမ်းညွှန်ကို အီဂျစ်ရဲက ပစ်သတ်

【 နိုင်ငံတကာ 】 အစ္စရေး ကမ္ဘာလှည့်ခရီးသည် ၂ ဦးနှင့် ဧည့်လမ်းညွှန်ကို အီဂျစ်ရဲက ပစ်သတ်

ကိုင်ရို၊ အောက်တိုဘာ - ၉

အစ္စရေးစစ်တပ်သည် စနေနေ့ နံနက်တွင် ဂါဇာမှ ဖြတ်ကျော်တိုက်ခိုက်လာသည့် ဟားမားစ် တိုက်ခိုက်ရေးသမားများကို ဆက်လက်တိုက်ခိုက်နေပါတယ်။

ထိုအချိန်တွင် အစ္စရေး ကမ္ဘာလှည့် ခရီးသည် ၂ ဦးနှင့် အီဂျစ် ဧည့်လမ်းညွှန်တစ်ဦး အလက်ဇန္ဒရီးယားတွင် ပစ်သတ်ခံလိုက်ရကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အီဂျစ်ရဲတပ်ဖွဲ့ဝင်သည် အလက်ဇန္ဒရီးယားမှ  Pompey’s Pillar ခရီးသည် ဆွဲဆောင်ရာနေရာတွင် အစ္စရေး ကမ္ဘာလှည့်ခရီးသည်များကို သတ်ဖြတ်ရန် သူ့ကိုယ်ပိုင်လက်နက်ကို သုံးခဲ့ကြောင်း ဒေသခံမီဒီယာများ ဖော်ပြခဲ့ပါတယ်။

“ဒီနေ့မနက် အလက်ဇန္ဒရီးယားက ကမ္ဘာလှည့် ခရီးစဉ်တစ်ခုမှာ ဒေသခံတစ်ယောက်က အစ္စရေးခရီးသည်အုပ်စုကို ပစ်ခတ်လို့ အစ္စရေးနိုင်ငံသား ၂ ဦးနဲ့ အီဂျစ်ဧည့်လမ်းညွှန် သေဆုံးတယ်။အခြားအစ္စရေးအချို့လည်း အနည်းငယ်ဒဏ်ရာရတယ်” ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုသေနတ်သမားမှာ  ရဲအရာရှိတစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသည့် အီဂျစ်လုံခြုံရေးအရာရှိ ၂ ဦးက Reuters သို့ ပြောခဲ့ပါတယ်။

ထိုရဲတပ်ဖွဲ့ဝင်သည် ကမ္ဘာလှည့်ခရီးသည်အုပ်စု၏ ရန်စခံရပြီး စိတ်မထိန်းနိုင်ဘဲ ပစ်ခတ်သည်ဟု အီဂျစ်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

Linko
Ref - Middle East Eye