【 နိုင်ငံတကာ 】 အစ္စရေးကို ဆန့်ကျင်သည့် မည်သူမျှ အခွင့်ကောင်းမယူရန် ဘိုင်ဒင် သတိပေး

【 နိုင်ငံတကာ 】 အစ္စရေးကို ဆန့်ကျင်သည့် မည်သူမျှ အခွင့်ကောင်းမယူရန် ဘိုင်ဒင် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ - ၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို သင့်တော်သော နည်းလမ်းအားလုံးဖြင့် ထောက်ခံမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားလိုက်ပြီး အစ္စရေးကို ဆန့်ကျင်သည့် မည်သူမျှ အခွင့်ကောင်းမယူရန် သတိပေးလိုက်ပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမားစ်၏ အသေအပျောက်များသော တိုက်ခိုက်မှုနောက်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေး အရာရှိများသည် အစ္စရေး၏ စစ်ရေးလိုအပ်ချက်များကို ဆွေးနွေးနေပြီး မကြာမီဆုံးဖြတ်ချက်ချမည်ဟု အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး ပြောခဲ့ပါတယ်။

ထိုအရာရှိက ဟားမားစ်၏ အစ္စရေးကို တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်လာနိုင်သည့် အကျပ်အတည်းကို ဂါဇာတွင်သာ ထိန်းသိမ်းထားပြီး မကျယ်ပြန့်စေရန် အမေရိကန်က အခြားအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုပါတယ်။

ဆော်ဒီနှင့် အစ္စရေးကြား ပုံမှန်သံတမန်ရေး ထူထောင်ရန်နှင့် အမေရိကန်နှင့် ဆော်ဒီကြား ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် ကြိုးစားနေစဉ် အီရန်ကျောထောက်နောက်ခံပြု ဟားမားစ်က အစ္စရေးကို တိုက်ခိုက်ခြင်းဖြစ်ရပ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဘိုင်ဒင်က စနေနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အမေရိကန်က အစ္စရေးကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

အစ္စရေးထောက်လှမ်းရေး ပျက်ကွက်မှုအကြား ဝါရှင်တန်လည်း ဟားမားစ်က ယခုကဲ့သို့ အလုံးအရင်းဖြင့် တိုက်ခိုက်မည်ဆိုသည့် မည်သည့်သတင်းမျှမရခဲ့ကြောင်း ထိုအရာရှိက ပြောခဲ့ပါတယ်။

Linko
Ref - Reuters