【 နိုင်ငံတကာ 】 ဟားမားစ်က ဒုံးကျည် အစင်း ၅၀၀၀ ပစ်လွှတ်ကာ ရုတ်တရက်တိုက်ခိုက်ပြီးနောက် စစ်ဖြစ်ကြောင်း အစ္စရေးကြေညာ

【 နိုင်ငံတကာ 】 ဟားမားစ်က ဒုံးကျည် အစင်း ၅၀၀၀ ပစ်လွှတ်ကာ ရုတ်တရက်တိုက်ခိုက်ပြီးနောက် စစ်ဖြစ်ကြောင်း အစ္စရေးကြေညာ
ဂါဇာ၊ အောက်တိုဘာ - ၈ 
 
ပါလက်စတိုင်း အစ္စလာမ်မစ်အုပ်စု ဟားမားစ်က အစ္စရေးကို နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုကို စနေနေ့တွင်ပြုလုပ်လိုက်သောကြောင့် လူ ၂၀ ခန့်သေဆုံးပြီး ထိုရုတ်တရက်တိုက်ခိုက်မှုတွင် ဂါဇာမ်းကမ်းမြှောင်မှ ဒုံးကျည်များဖြင့်ပစ်ခတ်သလို သေနတ်သမားများကလည်း အစ္စရေးမြို့များအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။
 
အီရန်ကျောထောက်နောက်ခံပြုအဖွဲ့ ဟားမားစ်က  စစ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်သည် ဂါဇာအနီးမြို့နှင့် စခန်းအများအပြားတွင် စစ်သွေးကြွများကို တိုက်ခိုက်နေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်ဘန်ဂျမင် နေတန်ရာဟုကလည်း လက်စားချေမည်ဟု ကတိပြုခဲ့ပါတယ်။ 
 
“ကျနော်တို့ ရန်သူတွေဟာ သူတို့တစ်ခါမှ မပေးဆပ်ဖူးတဲ့ တန်ဖိုးပေးဆပ်ရမယ်” ဟု သူက ပြောခဲ့ပါတယ်။ 
 
“ကျနော်တို့ စစ်ဖြစ်နေပြီး ကျနော်တို့အနိုင်ရမယ်” ဟုလည်း သူကပြောခဲ့ပါတယ်။ 
 
ထိုတိုက်ခိုက်မှုအတွင်း အစ္စရေး ၂၂ ဦးသေဆုံးပြီး ၂၅၀ ကျော်ဒဏ်ရာရသည်ဟု အစ္စရေးလူနာတင်ဝန်ဆောင်မှုကပြောကြားပြီး ထိုခိုက်သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း ပြောခဲ့ပါတယ်။ 
 
အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာကို လေကြောင်းတိုက်ခိုက်မှုလုပ်နေကြောင်းပြောပြီး မျက်မြင်သက်သေများက ပြင်းထန်သောပေါက်ကွဲသံများ ကြားရကြောင်း လူအနည်းဆုံး ၂ ဦးသေကြောင်း ပြောခဲ့ပါတယ်။ 
 
ယခုတိုက်ခိုက်မှုအတွင်း အရေအတွက် အတိအကျမသိရသည့် ဟားမားစ်သေနတ်သမားမားသည် ဂါဇာမှ အစ္စရေးနိုင်ငံအတွင်း ထိုးဖောက်ဝင်ရောက်ကြောင်းနှင့် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ 
 
အစ္စရေး ရုပ်သံ Reshet 13 TV News က အိုဖာကင်တွင် စစ်သွေးကြွများသည် အစ္စရေးများကို ဓားစာခံဖမ်းထားကြောင်း၊ ဆာဒါရော့တွင် ပါလက်စတိုင်း စစ်သွေးကြွ ၅ ဦးသေဆုံးပြီး အိမ်များမီးလောင်နေကြောင်း ကြေညာခဲ့ပါတယ်။
 
ပါလက်စတိုင်းတိုက်ခိုက်ရေးသမားအုပ်စုများနှင့် လုံခြုံရေးတပ်များသည် တောင်ပိုင်းအစ္စရေးမှ မြို့များတွင် တိုက်ပွဲဖြစ်နေကြောင်း အစ္စရေးမီဒီယာများ ဖော်ပြကြပါတယ်။အစ္စရေး တောင်ပိုင်းတွင် တိုက်ပွဲဖြစ်နေသောနေရာ ၂၁ ခုရှိကြောင်း အစ္စရေးရဲတပ်ဖွဲ့အကြီးအကဲ ပြောကြားသဖြင့် တိုက်ခိုက်မှုအတိုင်းအတာ မည်မျှကြီးမားကြောင်း ပြသနေပါတယ်။ 
 
ရှေ့လာမည့် ရက်များတွင် ပဋိပက္ခဖြစ်ပွားမည်ဟု မျှော်လင့်သောကြောင့် ဂါဇာမှ ပြည်သူများသည် အစားအသောက်များ အလုအယက်ဝယ်နေကြပါတယ်။အချို့သည် ၎င်းတို့နေအိမ်များမှ ထွက်ခွာပြီး ခိုလှုံရေးဌာနများသို့ သွားရောက်နေကြပါတယ်။ 
 
ဟားမားစ်တပ်မှူး မိုဟာမက်ဒိုက်က စစ်ဆင်ရေးစတင်ကြောင်း ဟားမားစ်မီဒီယာမှကြေညာပြီး နေရာတိုင်းမှ ပါလက်စတိုင်းများ ပါဝင်တိုက်ခိုက်ကြရန် တိုက်တွန်းခဲ့ပါတယ်။ 
 
“ဒီနေ့ဟာ ကမ္ဘာပေါ်က နောက်ဆုံး သိမ်းပိုက်မှုကို အဆုံးသတ်ဖို့ အကြီးမားဆုံး စစ်ပွဲပဲ” ဟု သူပြောပြီး ဒုံးကျည် ၅၀၀၀ ပစ်ခတ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ 
 
အစ္စရေးနှင့် ဟားမားစ်အကြား ပြင်းထန်သည့် စစ်ပွဲနောက်ဆုံးဖြစ်သည့်အချိန်မှာ ၂၀၂၁ ခုနှစ်ကဖြစ်ပြီး ၁၀ ရက်ကြာခဲ့ပါတယ်။
 
Linko
Ref - Reuters