【 နိုင်ငံတကာ 】 သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardena နှင့် တွေ့ဆုံမေးမြန်းခြင်း

【 နိုင်ငံတကာ 】 သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardena နှင့် တွေ့ဆုံမေးမြန်းခြင်း

ပေကျင်း၊ ဧပြီ - ၂၁

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardena သည် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကာလအတွင်း “Leaders Talk” အစီအစဉ်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်သည် မဟာတံတိုင်းအား ၃ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ သမိုင်းကြာညောင်းမှုအား အလေးအနက်ခံစားကြည့်ခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံသားများကိုလည်း ဒီခံစားချက် ဝေမျှပေးနိုင်ဖို့ သူမျှော်လင့်ထားပါတယ်။

ယူနန်ပြည်နယ် ကျေးလက်ဒေသများသို့ ဝင်ရောက်ပြီး တရုတ်နိုင်ငံပုံစံ ခေတ်မီတိုးတက်ရေး အမြစ်တွယ်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ကာ တရုတ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးသည် ကြီးမားသော အောင်မြင်မှုရရှိခဲ့သည်ဟု Dinesh Gunawardena မှ သုံးသပ်သွားခဲ့ပါတယ်။

“ဆန်စပါးနှင့် ရော်ဘာ သဘောတူစာချုပ်” မှ “Belt and Road” အတူပူးပေါင်းတည်ဆောက်ရေး အဆိုပြုချက်အထိ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ၏ နှစ် ၆၀ ကျော်ကြာ သံတမန်ဆက်ဆံရေးကာလအတွင်း အကျိုးရလဒ်ပေါင်းများစွာ ရရှိခဲ့သည့်အတွက် အနောက်တိုင်းနိုင်ငံများ၏ “ကြွေးမြီထောင်ချောက်” ဆိုသော ပြောဆိုချက်ကို Dinesh Gunawardena မှ ပြန်လည်ချေပသွားခဲ့ပြီး သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံအား အစဉ်အမြဲလေးစား ယုံကြည်သွားမည်ဟု ပြောကြားသွားခဲ့တယ်လို့ China Media Group သတင်းဌာန ‌ဖော်ပြချက်အရ သိရပါတယ်။