【 နိုင်ငံတကာ 】 သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှု မြှင့်တင်ရန် ခွဲထုတ် နျူထရွန်ရင်းမြစ် အဆင့် ၂ ကို တရုတ် စတင်တည်ဆောက်

【 နိုင်ငံတကာ 】 သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှု မြှင့်တင်ရန် ခွဲထုတ် နျူထရွန်ရင်းမြစ် အဆင့် ၂ ကို တရုတ် စတင်တည်ဆောက်

ပေကျင်း၊ ဧပြီ - ၁

တရုတ်နိုင်ငံသည် အလွန်သေးငယ်သော ပစ္စည်းများ တည်ဆောက်ပုံကို လေ့လာသည့် အဏုစိတ်အရာဝတ္တုများအတွက် သိပ္ပံအဆောက်အအုံဖြစ်သော ခွဲထုတ် နျူထရွန် ရင်းမြစ်ကို စတင်အဆင့်မြှင့်တင်နေပြီဖြစ်ပါတယ်။

တရုတ် ခွဲထုတ် နျူထရွန်ရင်းမြစ် (CSNS) တည်ဆောက်ရေး အဆင့် ၂ သည် သိပ္ပံသုတေသနအတွက် အလွန်အားပြင်းသည့် နျူထရွန်အလင်းတန်းများ ထုတ်ပေးသော တရုတ်နိုင်ငံ၏ ပထမဆုံး သိပ္ပံအဆောက်အအုံဖြစ်ပြီ ထိုရင်းမြစ်ဌာနက တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ဒေါင်ကန်းမြို့တွင် စနေနေ့က စတင်လိုက်ပါတယ်။

CSNS အဆင့် ၂ စီမံကိန်းတွင် နျူထရွန်ကိရိယာသစ် ၁၁ ခု၊ စမ်းသပ်ရန် နေရာများနှင့် ဓာတ်ခွဲခန်းများ တည်ဆောက်ရေး ပါဝင်ပါတယ်။ထိုရင်းမြစ်၏ ပရိုတွန် အလင်းစွမ်းအားသည် ထိုဌာန၏ အဓိကစွမ်းဆောင်ရည်ကို ၁၀၀ ကီလိုဝပ်မှ ၅၀၀ ကီလိုဝပ်အထိ မြှင့်တင်ပေးမည်ဟု မျှော်လင့်ရသည်ဟု တရုတ်သိပ္ပံအကယ်ဒမီမှ စွမ်းရည်မြင့်ရူပဗေဒ အင်စတီကျု ဒုတိယညွှန်ကြားရေးမှူးနှင့် စီမံကိန်းညွှန်ကြားရေးမှူးချုပ် ဝမ်ရှန်း ပြောပါတယ်။

CSNS အဆင့် ၂ တည်ဆောက်ရေးသည် အချိန် ၅ နှစ်နှင့် ၉ လ ကြာမည်ဟု မျှော်လင့်ရသည်ဟုလည်း သူကပြောပါတယ်။

“စီမံကိန်း အဆင့် ၂ ပြီးစီးရင် ဒီရင်းမြစ်က နျူထရွန်တွေကို တစ်ပြိုင်နက် ပိုမိုထုတ်လုပ်နိုင်ပြီး သုတေသနလုပ်ချိန် လျှော့ချနိုင်သလို စမ်းသပ်မှုတွေတိုးတက်ပြီး အသေးစားတွေကို တိုင်းတာပြီး ပိုမိုလျင်မြန်တဲ့ လှုပ်ရှားမှုစနစ်ကိုလည်း လေ့လာနိုင်မယ်” ဟု ဝမ်က ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG