【 နိုင်ငံတကာ 】 သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအကျဆုံးအချက်ဖြစ်သည်ဟု ရှီကျင့်ဖျင် ဆို

【 နိုင်ငံတကာ 】 သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအကျဆုံးအချက်ဖြစ်သည်ဟု ရှီကျင့်ဖျင် ဆို

ပေကျင်း၊ မတ် - ၂၁

ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် ဟူနန်ပြည်နယ်ကို စစ်ဆေးကြည့်ရှုလေ့လာခဲ့ပါတယ်။

ဟူနန်ပြည်နယ်ကို စစ်ဆေးကြည့်ရှုလေ့လာအတွင်း ရှီကျင့်ဖျင်က သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအကျဆုံးအချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဟူနန်ပြည်နယ်သည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးအား နက်ရှိုင်းစွာ ရောနှောပေါင်းစပ်မှုကို တွန်းအားပေးပြီး ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းတာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ကာ တရုတ်အမျိုးသား ခေတ်မီယဉ်ကျေးမှု ထူထောင်ရေးတွင် စွမ်းဆောင်မှုသစ်များ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။