【 နိုင်ငံတကာ 】 ဝမ်ယိသည် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ပါပူဝါနယူးဂီနီနိုင်ငံများသို့ ခရီးလှည့်လည်မည်

【 နိုင်ငံတကာ 】 ဝမ်ယိသည် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ပါပူဝါနယူးဂီနီနိုင်ငံများသို့ ခရီးလှည့်လည်မည်

ပေကျင်း၊ ဧပြီ - ၁၇
 
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ၊ နိုင်ငံခြားရေးရာလုပ်ငန်း ကော်မရှင်ရုံး ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်အရ ဧပြီလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ပါပူဝါနယူးဂီနီနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပါတယ်။
 
ဝမ်ယိသည် တရုတ်-အင်ဒိုနီးရှား အဆင့်မြင့်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးနှင့် တရုတ်-ကမ္ဘောဒီးယား အစိုးရအကြား ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေးများကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်ဟု China Media Group သတင်းအရ သိရပါတယ်။