【 နိုင်ငံတကာ 】 ဝမ်ယိသည် နယူးဇီလန်နှင့် သြစတြေးလျကို တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

【 နိုင်ငံတကာ 】 ဝမ်ယိသည် နယူးဇီလန်နှင့် သြစတြေးလျကို တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ မတ် - ၁၅

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နယူးဇီလန် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နယူးဇီလန်နှင့် သြစတြေးလျကို တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းခရီးစဉ်တွင် ဝမ်ယိသည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် သတ္တမအကြိမ်မြောက် တရုတ်-သြစတြေးလျ သံတမန်ရေးနှင့် မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သော  ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဆက်လက်ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။