【 နိုင်ငံတကာ 】 ဝမ်ယိသည် တရုတ်-ရုရှား ဆက်ဆံမှု၏ “အစဉ်တစိုက် ငါးခု” ကို ပြောကြား

【 နိုင်ငံတကာ 】 ဝမ်ယိသည် တရုတ်-ရုရှား ဆက်ဆံမှု၏ “အစဉ်တစိုက် ငါးခု” ကို ပြောကြား

ပေကျင်း၊ ဧပြီ - ၉

ဧပြီလ ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပေကျင်းမြို့၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

ဝမ်ယိက ယခုနှစ်သည် တရုတ်-ရုရှား သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အချင်းချင်းဦးစားပေး ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ်ထားပြီး ရေရှည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို စွဲကိုင်ကာ နှစ်ဖက်အကြား ဆက်ဆံမှုကို ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုဖြစ်သည့် သမိုင်းဝင် အဆင့်အမြင့်ဆုံးသို့ မြှင့်တင်၍ နိုင်ငံကြီးအကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို စံနမူနာထူပြလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် တရုတ်-ရုရှား ဆက်ဆံမှု တစ်ဆင့်တိုး ခိုင်ခံ့တိုးတက်စေရန်အတွက် မိမိတို့သည် “အစဉ်တစိုက် ငါးခု” ကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ၎င်း “အစဉ်တစိုက် ငါးခု” မှာ နှစ်ဖက်တို့သည် ထိပ်သီးခေါင်းဆောင်များ သံတမန်ဆက်ဆံရေး၏ မဟာဗျူဟာမြောက် ဦးဆောင်ခြင်းကို အစဉ်တစိုက် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် “ဘက်မလိုက်၊ ထိပ်တိုက်ရင်ဆိုင်မှု မပြု၊ တတိယဘက်အား ရည်ညွှန်းခြင်းမပြု” ဖြစ်သည့် မူကို အစဉ်တစိုက် စွဲကိုင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အရေးကြီးသည့် အမှား၊ အမှန်ရေးရာများတွင် တရားမျှတမှုကို အစဉ်တစိုက် စွဲကိုင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်မှုတွင် အတူအကျိုးဖြစ်ထွန်းမှုကို အစဉ်တစိုက် စွဲကိုင်ရမည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တန်းတူညီမျှပြီး စနစ်တကျဖြစ်သည့် နိုင်ငံတကာ multipolarization ကို အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ သတင်းအရ သိရပါတယ်။