【 နိုင်ငံတကာ 】 လွတ်လပ်စွာ ပြောဆိုခွင့်ရရန် ထပ်မံလုပ်ဆောင်ရန်လိုဟု တူရကီရွေးကောက်ပွဲအဖွဲ့ပြော

【 နိုင်ငံတကာ 】 လွတ်လပ်စွာ ပြောဆိုခွင့်ရရန် ထပ်မံလုပ်ဆောင်ရန်လိုဟု တူရကီရွေးကောက်ပွဲအဖွဲ့ပြော

အန်ကာရာ၊ ဧပြီ - ၂

တူရကီမှ တနင်္ဂနွေနေ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲများသည် ယှဉ်ပြိုင်မှုရှိပြီး နိုင်ငံသားများကို ရွေးချယ်စရာ ပိုမိုပေးသော်လည်း လုံးဝဆန့်ကျင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို အာမခံရန် ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု ဥရောပမှ လေ့လာသူများအုပ်စုတစ်ခုက တနင်္လာနေ့တွင် ပြောလိုက်ပါတယ်။

တူရကီမှ အတိုက်အခံများသည် သမ္မတ တေးရစ် အာဒိုဂန်၏ AKP ပါတီကို ဒေသဆိုင်ရာ ရွေးကောက်ပွဲများနိုင်ကြပြီး နိုင်ငံရေးအင်အားစုများအဖြစ် သြဇာထူထောင်ကြပါတယ်။

ယခုရှုံးနိမ့်မှုသည် AKP နှင့် အာဒိုဂန်အတွက် ဆယ်စုနှစ် ၂ ခုအတွင်း အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်ပြီး နိုင်ငံ၏ ကွဲပြားနေသည့် နိုင်ငံရေးရှုခင်းအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

“ရွေးကောက်ပွဲနေ့က တည်ငြိမ်ပြီး ပညာရှင်ဆန်ဆန် ကျင်းပခဲ့သလို နိုင်ငံသားတွေက ဒီမိုကရေစီလုပ်ငန်းစဉ်ကို အခိုင်အမာ ကတိပြုကြတယ်” ဟု ဥရောပကောင်စီ ရွေးကောက်ပွဲလေ့လာရေး အကြီးအကဲ ဒေးဗစ် အီရေးက အန်ကာရာတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲတွေရဲ့ ယှဉ်ပြိုင်မှုကို ကျနော်တို့ ကြိုဆိုပေမယ့် မဲဆန္ဒရှင်တွေမှာ ရွေးစရာမရှိဘူး။တူရကီ ၂၀၂၄ ရွေးကောက်ပွဲဟာ သဘောထားအရမ်းကွဲတဲ့ အနေအထားမှာ ကျင်းပခဲ့ပြီး ပြည်တွင်းဒီမိုကရေစီအတွက် တစ်စိတ်တစ်ပိုင်းသာ အကျိုးပြုခဲ့တယ်” ဟု ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ဗလာဒီမာ ပရက် ဘလစ် ပြောပါတယ်။

တူရကီရွေးကောက်ပွဲနှင့်ပတ်သက်သော ဥရောပကောင်စီ၏ ကာလကြာမြင့်ပြီဖြစ်သည့် စိုးရိမ်ပူပန်မှုများကို မဖြေရှင်းနိုင်သေးကြောင်း သူက ဆက်လက်ပြောခဲ့ပါတယ်။

“ဥရောပကောင်စီရဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ လူအခွင့်အရေး မူတွေနဲ့အညီ စစ်မှန်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးက ကျိုးကြောင်းဆီလျော် ကောင်းစွာ အကောင်အထည်ဖော်တဲ့ မူဘောင်ရှိတဲ့ နိုင်ငံရေးနဲ့ မီဒီယာပတ်ဝန်းကျင်ရှိစေဖို့ အများကြီးလုပ်ဖို့ လိုသေးတယ်” ဟု သူကပြောခဲ့ပါတယ်။

အာဒိုဂန်အစိုးရသည် အစိုးရနှင့် သဘောထားဆန့်ကျင်သူများကို သေနတ်ပြောင်းဖြင့်ထောက်ကာ လူ့အခွင့်အရေး ထိခိုက်စေပြီး တရားစီရင်ရေးနှင့် နိုင်ငံတော်အခြားအစိတ်အပိုင်းများကို အစိုးရဘက်ယိမ်းစေသည်ဟု ဝေဖန်သူများပြောသော်လည်း အစိုးရအရာရှိများက ထိုအချက်ကို ငြင်းဆန်ခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်မီက အစိုးရလိုလားသော မီဒီယာများသည် အာဒိုဂန်၏ နေ့စဉ်မဲဆွယ်ပွဲများကိုသာ ဖော်ပြပြီး အတိုက်အခံတို့၏ မဲဆွယ်ပွဲများကို အကန့်အသတ်ဖြင့်သာ ဖော်ပြကြပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့်အဖွဲ့တွင် ဥရောပ ၁၆ နိုင်ငံမှ လေ့လာသူ ၂၆ ဦးပါဝင်ပြီး အကြီးဆုံးမြို့များဖြစ်သည့် အစ္စတန်ဘူလ်နှင့် အန်ကာရာမှအပါအဝင် မဲရုံပေါင်း ၁၄၀ မှ မဲပေးသည့်လုပ်ငန်းစဉ်ကို စောင့်ကြည့်ကြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters