【 နိုင်ငံတကာ 】 လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးပြဿနာဆိုင်ရာ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြ

【 နိုင်ငံတကာ 】 လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးပြဿနာဆိုင်ရာ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြ

ပေကျင်း၊ မတ် - ၁၆

မတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂ ဂျီနီဗာရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Chen Xu က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု အကျိုးရလဒ်များကို မိတ်ဆက်ပြောကြားပြီး လူ့အခွင့်အရေးပြဿနာဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါတယ်။

Chen Xu က တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး လူ့အခွင့်အရေး စီမံခန့်ခွဲမှုကို ပါဝင်ပြီး နိုင်ငံတကာလူ့အခွင့်အရေး ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန် အစဉ်တစိုက် တက်ကြွစွာဆောင်ရွက်ကြောင်း၊ လူ့အခွင့်အရေးအမျိုးမျိုးကို တန်းတူအလေးထားပြီး ညီမျှစွာတွန်းအားပေးကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်ရန် အမြဲတမ်းတိုက်တွန်း နှိုးဆော်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။