【 နိုင်ငံတကာ 】 လုယက်မှုအကြောင်း သတင်းထုတ်လွှင့်ဖို့ ရိုက်ကူးနေတဲ့ Chicago TV သတင်းအဖွဲ့ လုယက်ခံရ

【 နိုင်ငံတကာ 】 လုယက်မှုအကြောင်း သတင်းထုတ်လွှင့်ဖို့ ရိုက်ကူးနေတဲ့ Chicago TV သတင်းအဖွဲ့ လုယက်ခံရ

ချီကာဂို၊ သြဂုတ် - ၃၀

ချီကာဂိုရုပ်မြင်သံကြားသတင်းအဖွဲ့သားတွေက ဓားပြမှုများစွာကို ထုတ်လွှင့်ဖို့ ရိုက်ကူးနေစဉ် နှင်းလျှောစီးမျက်နှာဖုံး ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အမျိုးသားသုံးဦးက သေနတ်နဲ့ချိန်ပြီး လုယက်ခဲ့သဖြင့် တင်ဆက်မှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။

စပိန်ဘာသာ စကားဌာန Univision Chicago မှ သတင်းထောက်နှင့် ဓာတ်ပုံဆရာတစ်ဦးဟာ တနင်္လာနေ့ နံနက် ၅ နာရီမတိုင်မီမှာ ချီကာဂိုမြို့၊ ဝက်စ်တောင်းရပ်ကွက်မှာ ရိုက်ကူးနေစဉ် မျက်နှာဖုံးစွပ် အမျိုးသားသုံးဦးက သေနတ်ဖြင့်ထောက်ကာ လုယက်ပြီး ရုပ်မြင်သံကြားကင်မရာနှင့် အခြားပစ္စည်းများကို ယူဆောင်သွားပါတယ်။

“သူတို့ကို သေနတ်နဲ့ ချဉ်းကပ်ပြီး လုယက်တယ်။အဓိက ကတော့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေပဲ၊ သူတို့က ကင်မရာယူသွားတယ်” ဟု Univision Chicago ၏ သတင်းဒုတိယဥက္ကဋ္ဌ လူးရဇ်ဂိုဒီနက်ဇ်က Chicago Tribune ကို ပြောကြားခဲ့ပါတယ်။

သတင်းအဖွဲ့သားများသည် နံနက်ခင်းသတင်း ထုတ်လွှင့်ရန် ဝက်စ်တောင်းအသိုင်းအဝိုင်းတွင် လုယက်မှုများအကြောင်း သတင်းတစ်ပုဒ်ကို ရိုက်ကူးနေခြင်းဖြစ်ကြောင်း ဂိုဒီနက်ဇ်က ပြောခဲ့ပါတယ်။

သူတို့ရိုက်ထားတဲ့ ဗီဒီယိုက လုယူသွားတဲ့ ကင်မရာထဲမှာပါနေပြီး ဇာတ်လမ်းက ဘယ်တော့မှ ထုတ်လွှင့်မှု လေလှိုင်းထဲ မရောက်တော့ဘူးလို့ ဆိုပါတယ်။

ချီကာဂိုရဲတပ်ဖွဲ့က လုယက်သူမှာ အသက် ၂၈ နှင့် ၄၂ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မီးခိုးရောင် ဆီဒင်၊ အနက်ရောင် SUV ကားကို အမျိုးသားသုံးဦးက မောင်းလာချိန်မှာ သူတို့နှစ်ယောက် အပြင်မှာရှိနေတယ်လို့ ရဲတွေကပြောပါတယ်။ဓားပြများသည် သတင်းအဖွဲ့သားများထံမှ ပစ္စည်းများကို လုယူပြီးနောက် မော်တော်ယာဉ်ဖြင့် ထွက်ပြေးခဲ့ကြပါတယ်။

လုယက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Linko
Ref - LosAngeles Times