【 နိုင်ငံတကာ 】 လာအို၊ ဗီယက်နမ်နှင့် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်မည်

【 နိုင်ငံတကာ 】 လာအို၊ ဗီယက်နမ်နှင့် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်မည်

ပေကျင်း၊ ဧပြီ - ၁

လာအို၊ ဗီယက်နမ်နှင့် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ လာအို၊ ဗီယက်နမ်နှင့် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်မည်ဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

လာအို ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Salomxay ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် အရှေ့တီမောနိုင်ငံခြားရေးဝန်ကြီး Bendito တို့သည် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်ပြည်သို့ အသီးသီးလာရောက် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားခဲ့ပါတယ်။