【 နိုင်ငံတကာ 】 လာမည့်အပတ်တွင် ဇီလင်စကီး အိမ်ဖြူတော်သို့သွားမည်

【 နိုင်ငံတကာ 】 လာမည့်အပတ်တွင် ဇီလင်စကီး အိမ်ဖြူတော်သို့သွားမည်

ဝါရှင်တန်၊ စက်တင်ဘာ - ၁၇ 
 
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးသည် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ လာမည့်အပတ်တွင် သွားရောက်သောအခါ အိမ်ဖြူတော်နှင့် အမေရိကန်လွှတ်တော်သို့ သွားရောက်မည်ဟု မျှော်လင့်ရပါတယ်။ 
 
ယူကရိန်းက ရုရှားတပ်များကို တိုက်ခိုက်နေစဉ် စစ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၄ ဘီလီယံပေးရန် ဘိုင်ဒင်၏ တောင်းဆိုမှုကို ကွန်ဂရက်တွင်ဆွေးနွေးနေစဉ် ဇီလင်စကီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခြင်းဖြစ်ပါတယ်။ 
 
ကြာသပတေးနေ့တွင် သမ္မတ ဘိုင်ဒင်သည် ဇီလင်စကီးကို အိမ်ဖြူတော်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံ ပေး ဂျိတ် ဆူလီဗန်က သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။ထိုသို့တွေ့ဆုံသောအခါ ဘိုင်ဒင်နှင့် ဇီလင်စကီးတို့သည် အိမ်ဖြူတော်တွင် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပါတယ်။ 
 
“ရုရှားက ယူကရိန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အတွက် မြောက်ကိုရီးယားလို နိုင်ငံတွေဆီက အကူအညီတောင်းနေပြီး ယူကရိန်းတပ်တွေကလည်း တန်ပြန်ထိုးစစ်မှာ တိုးတက်မှုရနေချိန်တွင် အရေးကြီးတဲ့အချိန်မှာ သမ္မတနှစ်ဦးတွေ့တာ ဖြစ်တယ်။ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း ကျနော်တို့မဟာမိတ်တွေနဲ့ မိတ်ဆွေ ဒါဇင်ပေါင်းများစွာနဲ့ လာမယ့်အပတ်အစောပိုင်းမှာ ယူကရိန်းကာကွယ်ရေးအဖွဲအစည်းအဝေးအတွက် ဥရောပမှာတွေ့ဆုံဖို့ရှိတယ်” ဟု ဆူလီဗန်က သောကြာနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။ 
 
ဇီလင်စကီးသည် အမေရိကန်လွှတ်တော်သို့ သွားမည်ကိုလည်း ဆူလီဗန်က အတည်ပြုခဲ့ပါတယ်။ 
 
Linko
Ref - Euronews