【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် Nauru နိုင်ငံသမ္မတ Adeang နှင့် တွေ့ဆုံဆွေးနွေး

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် Nauru နိုင်ငံသမ္မတ Adeang နှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် - ၂၆

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေသည့် Nauru နိုင်ငံသမ္မတ Adeang နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရှီကျင့်ဖျင်က တန်းတူရည်တူ ဆက်ဆံခြင်းသည် တရုတ်နိုင်ငံခြားဆက်ဆံရေး၏ ထင်ရှားသော အကျင့်တရားလက္ခဏာဖြစ်ကြောင်း၊ နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ အားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ နိုင်ငံအားလုံးသည် နိုင်ငံတကာအသိုက်အဝန်း၏ တန်းတူညီမျှအဖွဲ့ဝင်များဖြစ်သည်ကို တရုတ်နိုင်ငံက အမြဲထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် တရုတ်နှင့် Nauru ကြား ဆက်ဆံရေးသည် အပြန်အလှန်လေးစားပြီး တန်းတူညီမျှ အကျိုးတူဖြစ်ကာ အပြန်အလှန်ထောက်ခံသော ဆက်ဆံရေးဖြစ်ကြောင်း သမ္မတ ရှီက ဆက်လက်ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။