【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် အင်ဂိုလာသမ္မတ လိုရန်းဇိုနှင့် တွေ့ဆုံဆွေးနွေး

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် အင်ဂိုလာသမ္မတ လိုရန်းဇိုနှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် - ၁၆

မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဂိုလာ သမ္မတ လိုရန်းဇိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရှီကျင့်ဖျင်က သမ္မတ လိုရန်းဇို၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-အင်ဂိုလာ ဆက်ဆံရေးကို ဘက်စုံနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် တိုးတက်မှုကို မြှင့်တင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။