【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဟူနန် Changde သို့ သွားရောက်ကြည့်ရှုလေ့လာ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဟူနန် Changde သို့ သွားရောက်ကြည့်ရှုလေ့လာ

ပေကျင်း၊ မတ် - ၂၁

မတ်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဟူနန်ပြည်နယ် Changde မြို့ရှိ Changde မြစ်လမ်း (Changde River Street) ၊ ကောင်ကျုံးဖိန်ရွာသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။

ရှီကျင့်ဖျင်သည် သမိုင်းဝင်ယဉ်ကျေးမှုရပ်ကွက် ပြန်လည်ပြုပြင်မွမ်းမံမှုနှင့် အသုံးပြုမှု၊ မြို့ပြပတ်ဝန်းကျင် ရေအရင်းအမြစ်အထွေထွေစီမံပြုပြင်မှုနှင့် နွေရာသီထွန်ယက်မှုနှင့် ပြင်ဆင်မှု၊ အခြေခံ စီမံအုပ်ချုပ်ရေးစွမ်းဆောင်ရည် မြင့်တင်မှု စသည့် အခြေအနေများကို လေ့လာခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။