【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဒိုမီနီကာ ဝန်ကြီးချုပ် Skerrit နှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ဒိုမီနီကာ ဝန်ကြီးချုပ် Skerrit နှင့် တွေ့ဆုံ

ပေကျင်း၊ မတ် - ၂၆

မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိလာသော ဒိုမီနီကာနိုင်ငံ ဝန်ကြီးချုပ် Skerrit နှင့် တွေ့ဆုံခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

ရှီကျင့်ဖျင်က ဒိုမီနီကာပြည်သူများအား ၎င်းတို့၏ နိုင်ငံတော်အခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် ဒိုမီနီကာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများ အရှိန်အဟုန်မြှင့်တင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံဖလှယ်မှုများကို အားသစ်လောင်းပေးလိုကြောင်း သမ္မတ ရှီက ဆက်လက်ပြောကြားခဲ့ပါတယ်။