【 နိုင်ငံတကာ 】 ရေရှည်စစ်အတွက် ပြင်ဆင်ရန် NATO အကြီးအကဲပြော

【 နိုင်ငံတကာ 】 ရေရှည်စစ်အတွက် ပြင်ဆင်ရန် NATO အကြီးအကဲပြော

ဘရပ်ဆဲလ်၊ စက်တင်ဘာ - ၁၇ 
 
ယူကရိန်း၏ မဟာမိတ်များအနေဖြင့် ရေရှည်စစ်အတွက် ပြင်ဆင်ထားရန်လိုပြီး ယူကရိန်းက တိုက်ပွဲရပ်လိုက်သည်နှင့် ၎င်းတို့နိုင်ငံရှိတော့မည်မဟုတ်ကြာင်း မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အကြီးအကဲက သတိပေးလိုက်ပါတယ်။
 
တနင်္ဂနွေနေ့က ထုတ်ဝေသည့် ဂျာမဏီမှ Funke မီဒီယာနှင့် တွေ့ဆုံမေးမြန်းရာတွင် ယန် စတော့တန်ဘတ်က အဆုံးတစ်နေ့တွင် ယူကရိန်းသည် NATO အဖွဲ့ဝင် ဖြစ်လာမည်ဟုလည်း ပြောခဲ့ပါတယ်။
 
“စစ်ပွဲအများစုက စတုန်းက ထင်ထားတာထက်ကြာတယ်။ဒါကြောင့် ယူကရိန်းမှာ ရေရှည်စစ်အတွက် ကျနော်တို့ပြင်ဆင်ထားဖို့လိုတယ်” ဟုလည်း သူက ပြောပါတယ်။
 
“ကျနော်တိုက အလျင်အမြန်ငြိမ်းချမ်းရေးလိုချင်ကြတယ်။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သမ္မတ ဇီလင်စကီးနဲ့ ယူကရိန်းတွေ တိုက်ခိုက်မှုရပ်လိုက်တာနဲ့ သူတို့နိုင်ငံမရှိတော့ဘူး။သမ္မတ ပူတင် လက်နက်ချလိုက်တာနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးရမယ်” ဟုလည်း သူကပြောပါတယ်။ 
 
မော်စကိုက ယူကရိန်းကို အပြည့်အဝကျူးကျော်မှုစတင်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းစစ်ပွဲစတင်ပြီး ဆယ်စုနှစ်များစွာအတွင်း ဥရောပတွင် စစ်စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ယခုအခါ စစ်ပွဲ ၁၉ လကြာပြီဖြစ်ပါတယ်။ 
 
NATO သို့ ဝင်ရောက်ရန် ယူကရိန်း၏ ရည်မှန်းချက်နှင့်ပတ်သက်ပြီး စတော့တန်ဘတ်က “ယူကရိန်းဟာ အဆုံးတစ်နေ့မှာ NATO  အဖွဲ့ဝင်ဖြစ်လာမယ်ဆိုတာ သံသယရှိဖို့မလိုဘူး” ဟု သူကပြောပါတယ်။ 
 
ယူကရိန်းသည် ဇူလိုင်လက အဖွဲ့ထိပ်သီးဆွေးနွေးပွဲမှစတင်ပြီး အဖွဲ့နှင့် ပိုမိုနီးကပ်လာကြောင်း သူကပြောပါတယ်။ 
 
“စစ်ပွဲပြီးသွားတဲ့အခါ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်လိုတယ်။အဲဒီလိုမဟုတ်ရင် သမိုင်းတစ်ပတ်လည်နိုင်တယ်” ဟုလည်း သူကပြောခဲ့ပါတယ်။ 
 
Linko
Ref - Kyivpost