【 နိုင်ငံတကာ 】 ရုရှားပိုင်နက်ထဲဝင်လာသည့် ယူကရိန်းဒရုန်း ၃ စင်းကို ရုရှားပစ်ချ

【 နိုင်ငံတကာ 】 ရုရှားပိုင်နက်ထဲဝင်လာသည့် ယူကရိန်းဒရုန်း ၃ စင်းကို ရုရှားပစ်ချ

မော်စကို၊ သြဂုတ် - ၂၉

ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ရုရှားနိုင်ငံ တူလာနှင့် ဘဲလ်ဂိုရော့ဒ်ဒေသများပေါ်တွင် ပျံသန်းနေသော ယူကရိန်းဒရုန်းသုံးစင်းကို ပစ်ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို နောက်ဆုံးအကြိမ် ကြိုးပမ်းတိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ နံနက်အစောပိုင်းတွင် တယ်လီဂရမ်မှ ထုတ်ပြန်မှုတွင် မော်စကိုမြို့တောင်ဘက် တူလာဒေသကို လေကြောင်းရန်ကာကွယ်ရေးတပ်တွေက မောင်းသူမဲ့လေယာဉ်နှစ်စင်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘဲလ်ဂိုရော့ဒ်ဒေသမှာ တနင်္လာနေ့ ည ၁၁ နာရီအချိန်မှာ နောက်ထပ် ဒရုန်းယာဉ်တစ်စီးကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒရုန်းဖြင့် စီးနင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို ဝန်ကြီးဌာနက ပြောကြားခြင်းမရှိပေ။

စစ်ပွဲသည် ရုရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိတော့မည်ဟု ပြီးခဲ့သည့်လနှောင်းပိုင်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ပြောကြားခဲ့ပြီးနောက် မော်စကိုနှင့် အခြားရုရှားဒေသများမှာ မကြာသေးမီရက်သတ္တပတ်များအတွင်း ယူကရိန်းဒရုန်းတိုက်ခိုက်မှုများ၏ဒဏ်ကို ခံခဲ့ရပါတယ်။

ယူကရိန်းဒရုန်းများသည် ပြီးခဲ့သည့် သီတင်းပတ်က ရုရှားပိုင်နက်ကို အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ရာ မော်စကို၏ အဓိကလေဆိပ်သုံးခုဖြစ်သည့် Sheremetyevo ၊ Domodedovo နှင့် Vnukovo တို့တွင် ပျံသန်းမှုအများအပြားကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

Linko
Ref - Aljazeera