【 နိုင်ငံတကာ 】 ရုရှားက ရော့စတော့အွန်ဒွန်-မာရီယူပိုလ်နှင့် ဒွန်နက်ခ်ကို ဆက်သွယ်မည့် ရထားလမ်းဖောက်လုပ်နေ

【 နိုင်ငံတကာ 】 ရုရှားက ရော့စတော့အွန်ဒွန်-မာရီယူပိုလ်နှင့် ဒွန်နက်ခ်ကို ဆက်သွယ်မည့် ရထားလမ်းဖောက်လုပ်နေ

မော်စကို၊ စက်တင်ဘာ - ၂၈

ယူကရိန်းမြို့ မာရီယူပိုလ်မြို့တော်ဝန်၏ အကြံပေးဖြစ်သူ ပီထရိုအန်ဒရီရူချန်ကိုက ရုရှားနိုင်ငံသည် ၎င်းသိမ်းပိုက်ထားသော မာရီယူပိုလ်၊ ဗိုလ်နိုဗက်ခါနှင့် ဒွန်နက်ခ်ကို ရုရှားနှင့် ဆက်သွယ်ပေးမည့် ရထားလမ်းသစ်တစ်ခုကို တည်ဆောက်နေကြောင်း တယ်လီဂရမ်တွင် ဖော်ပြခဲ့ပါတယ်။

သူ့အဆိုအရ ရုရှားသည် ကေလ်မိုက်စ်မြစ်ကိုဖြတ်၍ ဟာနန်တီရွာအနီးတွင် ရထားလမ်းတံတားတစ်ခု စတင်တည်ဆောက်နေပြီဖြစ်တယ် ဆိုပါတယ်။

အန်ဒရီရူချန်ကိုက ရထားလမ်းကို တည်ဆောက်နိုင်မည်ဆိုပါက ရုရှားသည် ယူကရိန်းတောင်ပိုင်း သိမ်းပိုက်ထားသော နယ်မြေသို့ စစ်ဘက်နှင့် အရပ်ဘက်ကုန်များ ပို့ဆောင်နိုင်မည်ဖြစ်ပြီး ခရိုင်းမီးယားတံတားကို မှီခိုနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အလေးနက်ထားပြောခဲ့ပါတယ်။

“ရထားလမ်းအောင်မြင်ခဲ့မယ်ဆိုရင် ၎င်းက လက်ရှိ မာရီယူပိုလ်-အက်ဆလန်နိုဗို-ကလေးချန့်-ဗိုလ်နိုဗက်ခါ ရထားလိုင်းကို တာဂရမ်နော့နဲ့ ရော့စတော့အွန်ဒွန်ကို တိုက်ရိုက်ချိတ်ဆက်စေနိုင်မှာ။လက်တွေ့မှာ စစ်ဘက်နဲ့ အရပ်ဘက် ထောက်ပံ့ပို့ဆောင်ရေးပြဿနာအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းချက်တစ်ခုသာမကဘဲ ခရိုင်းမီးယားတံတားကိုဖြတ်ပြီး ရထားလမ်းသွားလာမှုအပေါ် မှီခိုအားထားမှုကိုပါ ထိရောက်တဲ့ လျှော့ချမှုလည်းဖြစ်ပါတယ်” လို့ အန်ဒရီရူချန်ကိုက ပြောခဲ့ပါတယ်။

Linko
Ref - Mind-ua