【 နိုင်ငံတကာ 】 ရာဖာကိုဖြတ်ကာ ဂါဇာသို့ ကယ်ဆယ်ရေး ထရပ်ကား အစီး ၆၀ ဝင်ရောက်

【 နိုင်ငံတကာ 】 ရာဖာကိုဖြတ်ကာ ဂါဇာသို့ ကယ်ဆယ်ရေး ထရပ်ကား အစီး ၆၀ ဝင်ရောက်

ကိုင်ရို၊ အောက်တိုဘာ - ၃၁

လူသားချင်းစာနာထောက်ထားမှုအကူအညီများ သယ်ဆောင်လာသည့် ကုန်တင်ကား အစီး ၆၀ ပါသည့် ယာဉ်တန်းသည် ဂါဇာကမ်းမြောင်သို့ မဝင်ရောက်မီ တနင်္လာနေ့တွင် အီဂျစ်ဘက်ခြမ်းရှိ ရာဖာသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း အီဂျစ်စစ်တပ် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

“အကူအညီတွေ ထောက်ပံ့မှု စတင်တဲ့ အောက်တိုဘာ ၂၁ ရက်ကစလို့ ဂါဇာကမ်းမြောင်ဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ ဒါဟာ အကြီးမားဆုံး ကယ်ဆယ်ရေးပမာဏပဲ” ဟု မီဒီယာများနှင့် စကားပြောခွင့်မရှိသောကြောင့် အမည်မဖော်လိုသူ ရင်းမြစ်က ဆိုပါတယ်။

ဟားမတ်စ်တို့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသော ဒုံးကျည်များပစ်ကာ အစ္စရေးနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ရာ အစ္စရေးက ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ဆင်ရေးများနှင့် ရေ၊ လျှပ်စစ်၊ လောင်စာဆီနှင့် အခြားလိုအပ်သည့် အထောက်အပံ့များ ပိတ်ဆို့အရေးယူမှုများ အပါအဝင် နယ်မြေအတွင်း ဝိုင်းရံပိတ်ဆို့ခြင်းများဖြင့် တုံ့ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်က လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ဆောင်ထားသည့် ထရပ်ကား အစီး ၂၀ မှာ ရာဖာကို ဖြတ်ကျော်၍ ဂါဇာသို့ ဝင်ရောက်ခဲ့ပြီး ၎င်းနေရာမှာ ဝိုင်းရံထားသော ကမ်းရိုးတန်းနယ်မြေနှင့် အီဂျစ်ကြား တစ်ခုတည်းသော နယ်နိမိတ်ကို ဖြတ်ကျော်သော နေရာဖြစ်ပါတယ်။

ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အနည်းဆုံး လူ ၁၄၀၀ သေဆုံးပြီး စုစုပေါင်း လူ ၂၃၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အရပ်သား သေဆုံးသူ ၈၃၀၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ဆက်လက်ဖြစ်ပွားနေသော အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၁,၀၄၈ ဦး ဒဏ်ရာရခဲ့ကြောင်း ထပ်လောင်းပြောခဲ့ပါတယ်။

Linko
Ref - Shine