【 နိုင်ငံတကာ 】 ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်တစ်ခု လွမ်ဘောတွင် လှုပ်ခတ်ခဲ့ပြီး ဘာလီတွင် ငလျင်လှုပ်မှု ခံစားရ

【 နိုင်ငံတကာ 】 ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်တစ်ခု လွမ်ဘောတွင် လှုပ်ခတ်ခဲ့ပြီး ဘာလီတွင် ငလျင်လှုပ်မှု ခံစားရ

ဂျကာတာ၊ သြဂုတ် - ၂၉

ဘာလီကျွန်းကို ညသန်းခေါင်လောက်မှာ လှုပ်သွားတဲ့ ငလျင်အသေးစားလေးလှုပ်ပြီး တစ်ပတ်အကြာမှာ အနောက်နျူဆာတန်ဂါအနီးနားရှိ လွမ်ဘောကျွန်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နံနက်အစောပိုင်းတွင် လှုပ်ခတ်ခဲ့ရာ ဘာလီကျွန်းဒေသခံများတွင်ပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီ (BMKG) က ယနေ့ နံနက် ၃ နာရီ ၅၅ မိနစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်၏ ဗဟိုချက်မှာ မြောက်လွမ်ဘောမြို့၏ အရှေ့မြောက်ဘက် ၁၆၃ ကီလိုမီတာအကွာ မြေအောက်အနက် ၅၂၅ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

(BMKG) က ငလျင်၏ ဗဟိုချက်ကို အစောပိုင်းက  တောင်ကလီမန်တန်၊ တန်နာဘွန်ဘူးတွင်ဖြစ်ကြောင်း သတင်းပို့ခဲ့သော်လည်း နောက်ပိုင်းမှာ လွန်ဘောတွင်ဖြစ်ကြောင်း ၎င်းအစီရင်ခံစာကို ယင်းစင်တာက ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

(BMKG) အကြီးအကဲ ဒရိုင်ရိုနိုက တန်နာဘွန်ဘူးတွင်လှုပ်ကြောင်း သတိပေးချက်သည် မြေငလျင်လှုပ်ပြီး နှစ်မိနစ်နှင့် စက္ကန့် ၂၀ အကြာ ကနဦးအစီရင်ခံစာများထံမှ အခြေခံထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။အချက်အလက်က နောက်ဆုံးမဟုတ်သော်လည်း နောက်ပိုင်းပြင်ဆင်ရန်မလုပ်မီ ကနဦးထုတ်ပြန်ချက်အဖြစ် ဦးစွာထုတ်ပြန်ရန် ဌာနက ဆုံးဖြတ်ခဲ့တယ် ဆိုပါတယ်။

“(BMKG) သည် ဆူနာမီကြိုတင်သတိပေးချက်များအတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အမြန်လုပ်ရမယ်” လို့ သူကပြောခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လွမ်ဘောမြို့ခံများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြခဲ့ပြီး ၂၀၁၈ ငလျင်ကြောင့် လူပေါင်း ၅၆၃ ဦး သေဆုံးခဲ့သည့် ထိုဒေသကိုကြည့်လျှင် နားလည်နိုင်မယ် ဆိုပါတယ်။

ဘာလီတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများ အိပ်ရာထဲမှ ရုန်းထွက်ခဲ့ရတဲ့အထိ သိသိသာသာ များပြားခဲ့ကြောင်း သိရပါတယ်။ Batu Belig villa မှာ တည်းခိုနေတဲ့သူတစ်ယောက်က ငလျင်လှုပ်ခတ်မှုကြောင့် ရေကူးကန်ထဲက ရေတွေထွက်လာတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

Linko
Ref - Coconuts