【 နိုင်ငံတကာ 】 ယူကရိန်း၏ ပင်လယ်နက်စင်္ကြံမှတစ်ဆင့် ဒုတိယမြောက် သင်္ဘောဖြတ်သန်းမှုကို ရုရှားက ထည့်သွင်းမစဉ်းစား

【 နိုင်ငံတကာ 】 ယူကရိန်း၏ ပင်လယ်နက်စင်္ကြံမှတစ်ဆင့် ဒုတိယမြောက် သင်္ဘောဖြတ်သန်းမှုကို ရုရှားက ထည့်သွင်းမစဉ်းစား

မော်စကို၊ သြဂုတ် - ၂၉

ယာယီ ပင်လယ်နက်စင်္ကြံတစ်လျှောက် ယူကရိန်းမှ ဒုတိယသင်္ဘော ဖြတ်သန်းမှုသည် ရုရှားနှင့်ပတ်သက်သည့် စပါးသဘောတူညီချက်ကို ပြန်လည်အသက်သွင်းမည့် အလားအလာနှင့် မသက်ဆိုင်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အာဖရိကသို့ သံမဏိထုတ်ကုန်များ တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည် ပင်လယ်နက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီစင်္ကြံမှတစ်ဆင့် ယူကရိန်းနိုင်ငံ အိုဒီဆာဆိပ်ကမ်းမှ ထွက်ခွာခဲ့ရာ ယင်းသင်္ဘောမှာ သီးနှံများ ဘေးကင်းစွာ တင်ပို့နိုင်စေရန် ခွင့်ပြုပေးခဲ့သည့် ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်မှ ရုရှားနုတ်ထွက်ပြီးနောက်ပိုင်း ဒုတိယမြောက်သင်္ဘော ဖြစ်လာခဲ့ပါတယ်။

ကရင်မလင်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပက်စ်ကော့ဗ်က ကောက်ပဲသီးနှံ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းခြင်းသည် ရုရှား၏ ကိုယ်ပိုင်ကောက်ပဲသီးနှံနှင့် ဓာတ်မြေသြဇာတင်ပို့မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက ပေးခဲ့သည့် ကတိများ ရှိ၊ မရှိအပေါ် မူတည်သည့် မော်စကို၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

“သီးနှံစာချုပ်သက်တမ်းတိုးဖို့ အလားအလာဟာ အမှန်တကယ် အကောင်အထည်ဖော်မှုအပေါ် မူတည်ပါတယ်။စကားအဖြစ် ကတိတွေပေးရုံတင်မဟုတ်ဘူး။ရုရှားဖက်က ပေးထားတဲ့ ကတိကဝတ်တွေဆိုလိုတာကတော့ ရုရှားနှင့်ပတ်သက်တဲ့ သဘောတူညီချက်အစိတ်အပိုင်းကို အကောင်အထည်ဖော်တာကို” ဟု ပက်စ်ကော့ဗ်က ဆိုပါတယ်။

ရုရှား၏ ကောက်ပဲသီးနှံနှင့် ဓာတ်မြေသြဇာ တင်ပို့မှုသည် ယူကရိန်းတွင် ၎င်း၏ စစ်ရေးအရ ဝင်ရောက်ကျူးကျော်မှုကြောင့် မော်စကိုအပေါ် အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများနှင့် မသက်ဆိုင်ပေ။

သို့သော် ပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အာမခံအပေါ် ကန့်သတ်ချက်များသည် တင်ပို့မှုတွင် အတားအဆီးတစ်ခုအဖြစ်ရှိနေသည်ဟု ရုရှားက ပြောကြားခဲ့ပါတယ်။

Linko
Ref - Reuters