【 နိုင်ငံတကာ 】 ယူကရိန်းမှာ ရုရှားက အကျိုးအမြတ်ထွက်လာရင် တရုတ်မှာ တာဝန်ရှိမယ်လို့ အမေရိကန် သတိပေး

【 နိုင်ငံတကာ 】 ယူကရိန်းမှာ ရုရှားက အကျိုးအမြတ်ထွက်လာရင် တရုတ်မှာ တာဝန်ရှိမယ်လို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ ဧပြီ - ၁၀

ရုရှားထိပ်တန်းသံတမန်တစ်ဦး လာရောက်လည်ပတ်စဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပေကျင်းက အသစ်ထပ်မံ ကတိပြုခဲ့ပြီးနောက် အမေရိကန်က တရုတ်ကို ယူကရိန်းမှာ မော်စကိုက အမြတ်ထုတ်ရင် တာဝန်ယူရမယ်လို့ သတိပေးလိုက်ပါတယ်။

အာရှဆိုင်ရာ အမေရိကန်မူဝါဒကို ပြန်လည်ထိန်းကျောင်းခြင်းနှင့်ပတ်သက်ပြီး ကိုင်တွယ်နေသည့် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီး ကတ်ကမ့်ဘဲလ်က အမေရိကန်ပြည်ထောင်စုအတွက် ဥရောပတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့သမိုင်းကြောင်းအရ အရေးကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို နောက်ထပ်လက်နက်တွေ ထပ်မံခွင့်ပြုရေးနဲ့ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်မှာ အတားအဆီးဖြစ်နေတဲ့ကြားက ယူကရိန်းထိုးစစ်ကို မော်စကိုက သက်တမ်းတိုးလိုက်ရာ ကမ့်ဘဲလ်က ရုရှားပိုင်နက် အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်ကြောင်း သတိပေးခဲ့ပြီး “ဥရောပမှာ ပါဝါချိန်ခွင်လျှာကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲနေတာကို ပွင့်ပွင့်လင်းလင်းပြောရရင် လက်မခံဘူး” လို့ ပြောခဲ့ပါတယ်။

“ဒီလိုဆက်ဖြစ်နေရင် အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိမယ်လို့ တရုတ်ကို တိုက်ရိုက်ပြောထားပါတယ်။ငါတို့က ထိုင်နေမှာမဟုတ်သလို အရာအားလုံး အဆင်ပြေတယ်လို့ပြောမှာ မဟုတ်ဘူး” လို့ ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

“ဒါဟာ ရုရှားရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေတင်မဟုတ်ဘဲ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ မြောက်ကိုရီယားနဲ့ တွဲနေတဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့ရမှာပါ။ဒါက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ပဲ” လို့ ပညာရေးအဖွဲ့တစ်ခုဖြစ်သည့် အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီနှင့် တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ကမ့်ဘဲလ်သည် ယမန်နေ့က တရုတ်နိုင်ငံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့၏ ယမန်နေ့က လာရောက်လည်ပတ်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းအောင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမိန့်ပေးလိမ့်မည်ဟု သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က တရုတ်အရာရှိများအား သတိပေးခဲ့ကြောင်းလည်း ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

“သူတို့ကို ကျနော်တို့က လုံးလုံးယုံတာ မဟုတ်ဘူး၊ ဒါမှမဟုတ် ဒါဟာ ခပ်သေးသေး တွန်းအားပေးမှုမဟုတ်ဘဲ သေးငယ်တဲ့အရာဖြစ်မယ် ထင်ပါတယ်” ဟု ကမ့်ဘဲလ်က ပြောသည်။

ရုရှားက စစ်ပွဲအစပိုင်းမှာ ဆုတ်ယုတ်မှုများကို မြင်တွေ့ရခြင်းအတွက် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ထိတ်လန့်နေပြီး မော်စကိုအတွက် “စွမ်းရည်မျိုးစုံ” ကို ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်ခဲ့ကြောင်း ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

“အစကတော့ ဒါဟာ ခံစစ်ကြိုးစားမှုပါ။အစိုးရအပြောင်းအလဲကို သူတို့မမြင်ချင်ဘူး” ဟု ကမ့်ဘဲလ်က ဆိုပါတယ်။သို့သော် နှစ်နှစ်ကျော်ကြာပြီးနောက်တွင် “ရုရှားသည် လုံးဝနီးပါး ပြန်လည်ပြင်ဆင်ခဲ့ပြီး ယခုအခါ ၎င်းတို့သည် ယူကရိန်း (နှင့်) အနီးတစ်ဝိုက်ဒေသသို့ သိသိသာသာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာကြောင်း” ကမ့်ဘဲလ်က ပြောကြားခဲ့ပါတယ်။

အကယ်၍ တရုတ်က ရုရှားကို ထောက်ပံ့ဖို့ သိသိသာသာ လုပ်ဆောင်ချက်တွေ များလာမယ်ဆိုရင် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို မီးထိုးပေးရန်အတွက် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများအောက်မှာ ရုရှားက မြောက်ကိုရီးယားနှင့် အီရန်တို့ထံမှ လက်နက်များဆီသို့ တိုးလာနေတယ်လို အမေရိကန်အရာရှိများက ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AFP