【 နိုင်ငံတကာ 】 မြောက်ကိုရီးယား-ရုရှား ရထားခရီးစဉ် မြင့်မားလာသောကြောင့် လက်နက်တင်ပို့ခြင်းဖြစ်နိုင်ဟု ဆို

【 နိုင်ငံတကာ 】 မြောက်ကိုရီးယား-ရုရှား ရထားခရီးစဉ် မြင့်မားလာသောကြောင့် လက်နက်တင်ပို့ခြင်းဖြစ်နိုင်ဟု ဆို
ဆိုးလ်၊ အောက်တိုဘာ - ၈ 
 
ပိုမိုနက်ရှိုင်းသော စစ်ရေးပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူပြီးနောက် မြောက်ကိုရီးယားနှင့် ရုရှားနယ်စပ်တွင် ရထားခရီးစဉ်အရေအတွက်သည် နှစ်ပေါင်းများစွာအတွင်း ယခု အပတ်တွင် အမြင့်ဆုံးရောက်သောကြောင့် ပြုံးယမ်းက မော်စကိုသို့ လက်နက်ထောက်ပံ့သည့်သဘောသက်ရောက်နေသည်ဟု အမေရိကန်သုတေသနအဖွဲ့တစ်ခုက ပြောလိုက်ပါတယ်။ 
 
ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများအရ မကြုံစဖူး များပြားသည့် ရထားတွဲ ၇၃ တွဲခန့်ပါသော ရထားတစီးကို မြောက်ကိုရီးယားနယ်စပ်မြို့ ရာဆန်မှ တူမန်ဂန်းဘူတာတွင် တွေ့ရသည်ဟု ဝါရှင်တန်အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၏ Beyond Parallel Project က ဖော်ပြခဲ့ပါတယ်။ 
 
ရထားသွားလာမှုသည် လွန်ခဲ့သော ၅ နှစ်အတွင်းကထက် လွန်စွာများပြားသလို ကပ်ရောဂါမတိုင်မီကထက်လည်း များပြားသည်ဟု အထက်ပါအဖွဲ့က ပြောပါတယ်။ 
 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် လွန်ခဲ့သောလက ရုရှားအရှေ့ပိုင်းတွင် တစ်ပတ်ကြာ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး စစ်ရေးကိစ္စများ၊ ယူကရိန်းစစ်ပွဲနှင့် စစ်ဘက်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။ 
 
“ကင်နဲ့ ပူတင်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မကြာသေးခင်က ထိပ်သီးဆွေးနွေပွဲများ ဆွေးနွေးခဲ့ပြီး ရထားတွေအများကြီး ပိုမိုပြေးဆွဲလာတာဟာ မြောက်ကိုရီးယားက ရုရှားကို လက်နက်ခဲယမ်းထောက်ပံ့တာ ဖြစ်နိုင်တယ်” ဟု အထက်ပါသုတေသနအဖွဲ့က ပြောကြားပြီး တာပေါ်လင်များကို အကြီးအကျယ် အသုံးပြုထားသောကြောင့် တွဲအရေအတွက် အတိအကျသိရန် ခက်ခဲကြောင်း ပြောခဲ့ပါတယ်။ 
 
Linko
Ref - Reuters