【 နိုင်ငံတကာ 】 မာလီနိုင်ငံကို ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးမည့် ကုလဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချ

【 နိုင်ငံတကာ 】 မာလီနိုင်ငံကို ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးမည့် ကုလဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချ

နယူးယောက်၊ သြဂုတ် - ၃၁

မာလီနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးရန် ရည်ရွယ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားနိုင်ငံက ၎င်း၏ဗီတိုအာဏာကို အသုံးပြုကာ ဗုဒ္ဓဟူးနေ့က ပယ်ချခဲ့ပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများက မာလီအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်နှင့် ကျွမ်းကျင်သူများ၏ အခွင့်အာဏာကို သက်တမ်းတိုးရေးအပေါ် မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့မှတင်သည့် ဆုံးဖြတ်ချက်တွင် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရန်၊ ပိုင်ဆိုင်မှုသိမ်းခြင်းနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်အထိ တိုးမြှင့်ရန်တို့ ပါဝင်ပါတယ်။  

ကျွမ်းကျင်သူများအဖွဲ့၏ လုပ်ပိုင်ခွင့်ကို ၂၀၃၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးရန်လည်း ရည်ရွယ်ထားပါတယ်။

ကုလသမဂ္ဂမှ ရုရှားကိုယ်စားလှယ် ဗစ်စလိုင်းနီဘန်ဇီယာက အဆိုပါဆုံးဖြတ်ချက်သည် မာလီနှင့် ရုရှား နှစ်နိုင်ငံစလုံး၏ စိုးရိမ်ပူပန်မှုများကို စိုးရိမ်မှုများကို လျစ်လျူရှုထားလို့ ပယ်ချခဲ့ကြောင်း ဆိုပါတယ်။  

မာလီနိုင်ငံခြားရေးဝန်ကြီး Abdoulaye Diop က ဇွန် ၁၆ ရက်က ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း မာလီနိုင်ငံရှိ ကုလသမဂ္ဂ ဘက်ပေါင်းစုံပေါင်းစပ်တည်ငြိမ်ရေးမစ်ရှင် (MINUSMA) ၏ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် အရေးတကြီး တောင်းဆိုခဲ့ပါတယ်။

မာလီနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတစ်ရပ်ကို ၂၀၁၇ ခုနှစ်တွင် လုံခြုံရေးကောင်စီက စတင်ခဲ့ပါတယ်။

Linko
Ref - Anadolu Agency