【 နိုင်ငံတကာ 】 ဘုံအနာဂတ်ရှိ ကမ္ဘာ့လူမှုအသိုက်အဝန်းအယူအဆ နက်ရှိုင်းသော တရုတ်ယဉ်ကျေးမှုမှ မြစ်ဖျားခံ

【 နိုင်ငံတကာ 】 ဘုံအနာဂတ်ရှိ ကမ္ဘာ့လူမှုအသိုက်အဝန်းအယူအဆ နက်ရှိုင်းသော တရုတ်ယဉ်ကျေးမှုမှ မြစ်ဖျားခံ

ပေကျင်း၊ စက်တင်ဘာ - ၂၆

ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအသိုက်အဝန်းအယူအဆသည် တရုတ်နိုင်ငံ၏ လေးနက်သော ယဉ်ကျေးမှုအမွေအနှစ်နှင့် ၎င်း၏ထူးခြားသော ခေတ်မီရေးအတွေ့အကြုံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက အင်္ဂါနေ့တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် ဖော်ပြထားပါတယ်။

“ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအသိုက်အဝန်းတစ်ခု - တရုတ်နိုင်ငံ၏ အဆိုပြုချက်နှင့် အကောင်အထည်ဖော်မှု” အမည်ရှိ စက္ကူဖြူစာတမ်းက ထိုအယူအဆသည် တရုတ်နိုင်ငံ၏ သံတမန်ရေး အစဉ်အလာကို ဆက်လက်သယ်ဆောင်ပြီး အခြားယဉ်ကျေးမှုလူ့အဖွဲ့အစည်းအားလုံး၏ ထူးခြားသော အောင်မြင်မှုများကို အခြေခံသည်ဟု ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၏ အစဉ်အလာကောင်း ယဉ်ကျေးမှုသည် တရုတ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်း၏ အနှစ်သာရ၏ အကောင်းဆုံးဥပမာဖြစ်သည်ဟု ထိုစက္ကူဖြူစာတမ်းကဖော်ပြပြီး ထိုအယူအဆသည် ကမ္ဘာကိုနားလည်ပုံဖော်ရန်နှင့် လက်ရှိစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်အားတက်ကြွဖွယ် အတွင်းသရုပ်ကိုပေးပြီး ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအဖွဲ့အစည်းတည်ဆောက်ရေး ရည်မှန်းချက် အခြေခံများ ပါဝင်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် လူသားထုအားလုံးတိုးတက်ရေးနှင့် ကမ္ဘာ့ဘုံကောင်းစားရေး တရုတ်ပြည်သူများ သာယာပျော်ရွှင်ရေးနှင့် တရုတ်နိုင်ငံအားသစ်လောင်းရေးအတွက် အမြဲကြိုးစားသည်ဟု ထိုစက္ကူဖြူစာတမ်းက ဖော်ပြခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ထူးခြားသော တရုတ်နိုင်ငံတိုးတက်ရေးလမ်းကြောင်းသို့ ဦးတည်ပေးပြီး လူသားတိုးတက်မှုပုံစံသစ်ကို ဖော်ထုတ်ရာတွင် အောင်မြင်ခဲ့ပြီး ထိုအောင်မြင်မှုများသည် ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအသိုက်အဝန်း တည်ထောင်ရေးအတွက် ခိုင်မာသော အုတ်မြစ်ကို ချမှတ်ပေးတယ် ဆိုပါတယ်။

ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအသိုက်အဝန်းတည်ဆောက်ရေး အစီအစဉ်သည် တရုတ်နိုင်ငံ၏ သံတမန်ရေးအတွေးအခေါ်များ၊ သေနင်္ဂဗျူဟာ တွေးခေါ်မှုများနှင့် အစဉ်အလာများအပေါ် အခြေခံတည်ဆောက်ပြီး တရုတ်အမျိုးသားရေးလက္ခဏာရှိသော အဓိကနိုင်ငံသံတမန်ရေးအတွက် မိုးကုပ်စက်ဝိုင်းသစ်ကို ဖွင့်ပေးသည်ဟု ထိုစက္ကူဖြူစာတမ်းက ဖော်ပြထားပါတယ်။

ဘုံအနာဂတ်ရှိသော ကမ္ဘာ့လူမှုအသိုက်အဝန်းအယူအဆသည် မတူညီသည့် ဒေသအသီးသီး၊ ယဉ်ကျေးမှုအသီးသီး၊ လူမျိုးစုနောက်ခံအသီးသီးနှင့် ဘာသာရေးယုံကြည်မှုအသီးသီးမှ ပြည်သူများ၏ ဘုံတန်ဖိုးများကို အကောင်အထည်ဖော်ပေးပြီး ကွဲပြားခြားနားသော ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများအကြား ယဉ်ကျေးမှုပေါင်းစည်းခြင်း၏ ထူးခြားသောအောင်မြင်မှုများကို အခြေခံကာ လူသားအားလုံး၏ ဘုံရည်မှန်းချက်များကို ထုတ်ဖော်ပြသည်ဟု ထိုစက္ကူဖြူစာတမ်းက ဖော်ပြထားပါတယ်။

Linko
Ref - Xinhua