【 နိုင်ငံတကာ 】 ဖြစ်နိုင်ခြေရှိသော ဘိုင်ဒင်-ရှီ ထိပ်သီးအစည်းအဝေးမတိုင်မီ ဘလင်ကန်နှင့် တရုတ်ဒုသမ္မတ တွေ့ဆုံ

【 နိုင်ငံတကာ 】 ဖြစ်နိုင်ခြေရှိသော ဘိုင်ဒင်-ရှီ ထိပ်သီးအစည်းအဝေးမတိုင်မီ ဘလင်ကန်နှင့် တရုတ်ဒုသမ္မတ တွေ့ဆုံ

နယူးယောက်၊ အောက်တိုဘာ - ၉

ယခုဆောင်းဦးရာသီတွင် နှစ်နိုင်ငံခေါင်းဆောင်အဆင့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဘိုင်ဒင်အစိုးရနှင့် အဆင့်မြင့် အဆက်အသွယ် တိုးမြှင့်လုပ်ဆောင်ခဲ့မှုအဖြစ် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ကုလသမဂ္ဂအထွေထွေညီလာခံ  ဘေးဆွယ်တွေ့ဆုံမှုအဖြစ် တရုတ်ဒု-သမ္မတနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။

ကုလဆိုင်ရာ တရုတ်မစ်ရှင်ခရီးစဉ်အတွင်း ဘိုင်ဒင်နှင့် ဒုသမ္မတ ဟန်ကျန်းတို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ယခုတွေ့ဆုံမှုသတင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မော်လ်တာတွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်တို့ နှစ်ရက်တာတွေ့ဆုံဆွေးနွေးပြီးနောက် မော်စကိုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗက်ဗော့တို့ ဆွေးနွေးမှု သတင်းထွက်လာစဉ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်နှင့် တရုတ် ဆက်ဆံမှု ဆက်တိုက်တွေ့ဖြစ်လာခြင်းကြောင့် ဆန်ဖရန်စစ္စကိုတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးကွန်ဖရင့်အတွင်း သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံနိုင်ခြေရှိကြောင်း ထင်ကြေးပေးမှုများ မြင့်တက်လာနေပါတယ်။

ထိပ်ပိုင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဘလင်ကန်က အတိုချုံး မှတ်ချက်ပေးခဲ့ရာမှာတော့ “ကျွန်ုပ်တို့ နိုင်ငံတွေကြား ပွင့်လင်းတဲ့ ဆက်သွယ်ရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံကြားဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲကြောင်း သက်သေပြဖို့ မကြာသေးမီက အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေအပေါ် တည်ဆောက်ဖို့ ဒီအခွင့်အရေးကိုရရှိတာ ကောင်းတယ်လို့ ယူဆပါတယ်” လို့ ပြောခဲ့ပါတယ်။

ဟန်က တရုတ်-အမေရိကန် ဆက်ဆံရေးမှာ “အခက်အခဲများနှင့် စိန်ခေါ်မှုများ” ရင်ဆိုင်နေရပြီး နှစ်နိုင်ငံစလုံးသည် ပိုမိုရိုးသားမှုကိုပြသရန်နှင့် “အပြန်အလှန် လမ်းတစ်ဝက်မှာ တွေ့ဆုံရန် ကြိုးပမ်းမှုများ” လိုအပ်နေကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - Hurriyetdailynews