【 နိုင်ငံတကာ 】 ပြည်သူ့ဘဝ သာယာစိုပြေရေး တိုးတက်စေခြင်းဖြင့် တရုတ်က လူ့အခွင့်အရေးကို ကာကွယ်ပေး

【 နိုင်ငံတကာ 】 ပြည်သူ့ဘဝ သာယာစိုပြေရေး တိုးတက်စေခြင်းဖြင့် တရုတ်က လူ့အခွင့်အရေးကို ကာကွယ်ပေး

ပေကျင်း၊ မတ် - ၁၈

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ဘက်စုံ အလယ်အလတ် ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းကို အောင်မြင်စွာ အကောင်အထည်ဖော်ခဲ့ကြောင်း တရုတ်က ကြေညာလိုက်ပါတယ်။

အလယ်အလတ်အဆင့် ကြွယ်ဝချမ်းသာမှုကို စီးပွားရေး၊ ဒီမိုကရေစီ၊ သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် ပြည်သူ့ဘဝ အရည်အသွေးအပါအဝင် အကြောင်းအချက်များစွာဖြင့် တိုင်းတာခဲ့ပါတယ်။

ဘက်စုံ အလယ်အလတ် ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်း တည်ဆောက်မှု ပြီးစီးရေးအတွက် အဓိကကျသည့်လုပ်ငန်း (သို့မဟုတ်) အခြေခံလက္ခဏာအဖြစ် လက်ရှိ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်နေသည့် ကျေးလက်တွင် နေထိုင်သူများအားလုံးကို ၂၀၂၀ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုမှ ကယ်ထုတ်ခဲ့ပြီး အကြွင်းမဲ့ ဆင်းရဲနွမ်းပါးခြင်းကို အမြစ်ဖြတ် သုတ်သင်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းပုံက “အချိန်မီလက်ခံနိုင်သော ဈေးသက်သာပြီး သင့်တင်သော အရည်အသွေးရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမြင့်မားဆုံးရနိုင်သော ကျန်းမာရေးစံနှုန်းသည် လူသားတိုင်း၏ အခြေခံအခွင့်အရေးဖြစ်သည်ဟု အသိအမှတ်ပြုသည်” ဟု ဖော်ပြခဲ့ပါတယ်။

ဈေးသက်သာပြီး ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု အာမခံရေး အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကျေးလက်ဝန်ဆောင်မှုများကို အာမခံပြီး ကျန်းမာရေးမကောင်းသောကြောင့် ဆင်းရဲနွမ်းပါးမှု ကျရောက်ခြင်းမှ ပြည်သူများကို ကူညီကာကွယ်ရန် တရုတ်နိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးအာမခံမှုစနစ်များ တိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး လူမှုဖူလုံရေးကွန်ရက်ကို တည်ထောင်ခဲ့ပြီး အခြေခံကျန်းမာရေး အာမခံစနစ်တွင် ယခုအခါ လူပေါင်း ၁.၃ ဘီလီယံ အကျုံးဝင်ပြီး အခြေခံ သက်ကြီးရွယ်အို အာမခံတွင် လူပေါင်းတစ်ဘီလီယံ အကျုံးဝင်ပါတယ်။

၂၀၂၂ ခုနှစ်ကုန်တွင် အမျိုးသားအခြေခံ ကျန်းမာရေးအာမခံကို တရုတ်နိုင်ငံသား ၁.၃၅ ဘီလီယံအထိ တိုးချဲ့ပြီး ထိုမှတစ်ဆင့် လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ဆေးရုံပြသခြင်းအတွက် ငွေများ ပြန်လည်ထုတ်ပေးခဲ့ပါတယ်။

“ပျော်ရွှင်သော ဘဝကို ဖြတ်သန်းခြင်းသည် အခြေခံလူ့အခွင့်အရေးဖြစ်သည်” ဟု နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေသည့်  ပြည်သူ့အတွက် ပျော်ရွှင်မှုရှာဖွေခြင်း- တရုတ်နိုင်ငံတွင် လူ့အခွင့်အရေးတိုးတက်မှု နှစ် ၇၀ အမည်ရှိ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားပါတယ်။

ရှင်သန်ခွင့်နှင့် တိုးတက်မှုသည် အရေးအပါဆုံး အခြေခံလူ့အခွင့်ရေးဖြစ်သည်ဟုလည်း ထိုစာတမ်းတွင် ဆက်လက်ဖော်ပြထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG