【 နိုင်ငံတကာ 】 ပြင်သစ်ရေငုပ်သင်္ဘောနှစ်စင်းကို အင်ဒိုနီးရှား ဝယ်ယူ

【 နိုင်ငံတကာ 】 ပြင်သစ်ရေငုပ်သင်္ဘောနှစ်စင်းကို အင်ဒိုနီးရှား ဝယ်ယူ

ဂျကာတာ၊ ဧပြီ - ၄

အင်ဒိုနီးရှားရေတပ်သည် ပြင်သစ်အစိုးရပိုင် သင်္ဘောကျင်း Naval Group မှ ထုတ်လုပ်သော Scorpene အတန်းအစား ရေငုပ်သင်္ဘောနှစ်စင်းကို ဝယ်ယူရန် စာချုပ်တစ်ရပ်ကို ၂၀၂၁ ခုနှစ်က နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါအချက်အလက်ကို ပြင်သစ်ကုမ္ပဏီက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဧပြီ ၂ ရက်က ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး စာချုပ်၏ တန်ဖိုးကို ထုတ်ဖော်ခြင်းမရှိပေ။

သင်္ဘောအမှုထမ်း ၃၁ ဦးပါ ရေငုပ်သင်္ဘောများတွင် ပစ်လွှတ်သည့် အဝခြောက်ခု၊ တော်ပီဒို ၁၈ လုံးနှင့် ဒုံးကျည်များ တပ်ဆင်နိုင်စွမ်းရှိပြီး ၁၂ ရက်ကြာ ရေအောက်တွင် နေနိုင်ကြောင်း ကုမ္ပဏီမှ သိရပါတယ်။

၇၂ မီတာ ရှိသော ရေငုပ်သင်္ဘောနှစ်စင်းအား အင်ဒိုနီးရှားနိုင်ငံ၌ တည်ဆောက်ရန် စီစဉ်ထားပြီး ရေတပ်အုပ်စုသည် ၎င်း၏ နည်းပညာဆိုင်ရာ အသိပညာများကို လွှဲပြောင်းပေးကာ အင်ဒိုနီးရှားဘက်မှ သက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သဘောတူညီချက်သည် ရေရှည်တွင် ကျွမ်းကျင်သော အလုပ်အကိုင်ပေါင်း ထောင်ပေါင်းများစွာကို ဖန်တီးပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Vietnamplus