【 နိုင်ငံတကာ 】 ပိုအော် အာရှဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးစီး

【 နိုင်ငံတကာ 】 ပိုအော် အာရှဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးစီး

ပေကျင်း၊ မတ် - ၃၀
 
ပိုအော် အာရှဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၂၉ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။
 
၄ ရက်ကြာအစည်းအဝေးတွင် အစည်းအဝေးသို့တက်ရောက်သော ဘက်အသီးသီးတို့သည် နှစ်ပတ်လည် အစည်းအဝေး၏ ဆောင်ပုဒ်၊ ဆွေးနွေးရန်အကြောင်းအရာများနှင့်ပတ်သက်၍ နွေးထွေးစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
 
ထို့အပြင် လက်ရှိကမ္ဘာတွင် ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများကို နက်ရှိုင်းစွာ အကဲဖြတ် သုံးသပ်ခဲ့ကြကြောင်း၊ နိုင်ငံတကာမိသားစုကြီးမှ တာဝန်ဝတ္တရားကို  အတူတကွထမ်းဆောင်ရန် သဘောတူညီမှုကို မြှင့်တင်ခဲ့ကြကြောင်း၊ “စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတူတွန်းအားပေးခြင်း” ဟူသော အာရှတိုက်ကိုယ်စားပြုသော အရေးကြီး ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါတယ်။