【 နိုင်ငံတကာ 】 ပါလက်စတိုင်းပြဿနာ မပြေလည်ဘဲ အစ္စရေးနှင့် ဆက်ဆံမည်မဟုတ်ကြောင်း ကူဝိတ်ပြော

【 နိုင်ငံတကာ 】 ပါလက်စတိုင်းပြဿနာ မပြေလည်ဘဲ အစ္စရေးနှင့် ဆက်ဆံမည်မဟုတ်ကြောင်း ကူဝိတ်ပြော

ကူဝိတ်၊ အောက်တိုဘာ - ၃၀ 
 
နိုင်ငံတကာဆုံးဖြတ်ချက်နှင့်အညီ အနာဂတ် ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်သေးပါက အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်မည်မဟုတ်ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှီအိုက် ဆယ်လမ် အဗ္ဗဒူလာ အယ်လ်ဆာဘားက တနင်္ဂနွေနေ့တွင် ပြောလိုက်ပါတယ်။ 
 
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။ 
 
မိတ်ဆွေ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး ထိန်းသိမ်းထားခြင်းသည် ကူဝိတ်၏ ပြည်ပလုံခြုံရေးနှင့် အကျိုးစီးပွားအတွက် သူ၏တာဝန်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြောခဲ့ပါတယ်။ 
 
“ပါလက်စတိုင်း ပြဿနာဟာ ကျနော်တို့အတွက် ပထမဦးစားပေးပြဿနာပဲ။ကူဝိတ်ဟာ အဲဒီလမ်းကြောင်းက ဘယ်တုန်းကမှ မသွေဖယ်ခဲ့ဘူး” ဟု သူပြောပြီး ဂါဇာတွင် အစ္စရေးက တိုက်နေသည့် စစ်သည် လက်စားချေစစ်ပွဲ ဖြစ်ပြီး ခုခံကာကွယ်ရေးစစ် မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ 
 
ဂါဇာတွင် တိုက်ခိုက်မှု ချက်ခြင်းရပ်ဆိုင်းရန် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး တောင်းဆိုပြီး ပိတ်ဆို့ခံဒေသသို့ အကူအညီများပေးကာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ၁၉၆၇ ခုနှစ် နယ်နိမိတ်အတိုင်းထူထောင်ခြင်းဖြင့် ပါလက်စတိုင်းပြဿနာ ဖြေရှင်းရန် သူကတောင်းဆိုခဲ့ပါတယ်။ 
 
Linko
Ref - CMG