【 နိုင်ငံတကာ 】 ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Marape သည် ဝမ်ယိနှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Marape သည် ဝမ်ယိနှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၂၁

ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့က ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် Marape သည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် Port Moresby မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်တို့သည် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါတယ်။

ဝမ်ယိက ဝန်ကြီးချုပ်သည် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်ပြီး ချစ်ကြည်ရင်းနှီးသော မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးခဲ့ကြောင်း၊ပါပူဝါနယူးဂီနီနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် တရုတ်နိုင်ငံသည် အဆွေတော်တို့၏ ယုံကြည်အားကိုးရဆုံးသော မိတ်ဖက်ဖြစ်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ပါပူဝါနယူးဂီနီနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် စေ့စပ်ညှိနှိုင်းမှုများကို လျင်မြန်စွာဆောင်ရွက်ပြီး စီးပွားကုန်သွယ်ရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုလိုပါကြောင်း ပြောကြားခဲ့ပါတယ်။

Marape က ပါပူဝါနယူးဂီနီနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးအခြေခံ လေးနက်ပြီး နယ်ပယ်ကျယ်ပြန့်ကာ အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း၊ ပါပူဝါနယူးဂီနီနိုင်ငံသည် ကတိများကို လိုက်နာပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူကို ဦးလည်မသုန် ကျင့်သုံးကာ မည်သည့်အခြေအနေမျိုးတွင်မဆို တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကို စွဲကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။