【 နိုင်ငံတကာ 】 ပင်လယ်ပြင်အခြေစိုက် ကွန်တိန်နာဖြင့် ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ရေတပ် စမ်းသပ်

【 နိုင်ငံတကာ 】 ပင်လယ်ပြင်အခြေစိုက် ကွန်တိန်နာဖြင့် ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်ရေတပ် စမ်းသပ်

ဝါရှင်တန်၊ အောက်တိုဘာ - ၃၁

အမေရိကန်ရေတပ်သည် ကမ်းနီးတိုက်ခိုက်ရေးသင်္ဘော (LCS) ပေါ်ရှိ ကွန်တိန်နာပစ်လွှတ်မှုစနစ်မှ Standard Missile (SM)-6 ဒုံးကျည်ကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ယင်းပစ်လွှတ်မှုတွင် စနစ်အား ခွဲခြားခြင်းမရှိသော်လည်း ၎င်းသည် MK 70 Payload Delivery System ဖြစ်ပုံရကြောင်း စစ်ရေးကျွမ်းကျင်သူများက ဆိုပါတယ်။

USS Savannah (LCS 28) သည် အောက်တိုဘာ ၂၄ ရက်က သတ်မှတ်ထားသော ပစ်မှတ်သို့ SM-6 ဒုံးကျည်တစ်စင်းကို ကွန်တိန်နာပစ်လွှတ်သည့်စနစ်ကို အသုံးပြုကာ အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် တိုက်ရိုက်ပစ်ခတ်မှု သရုပ်ပြမှုကို ပြုလုပ်ခဲ့ကြောင်း အဆိုပါလုပ်ဆောင်သည့်အဖွဲ့က ပြောခဲ့ပါတယ်။

“လေ့ကျင့်ခန်းသည် ကမ်းနီးစစ်သင်္ဘောများ၏ စံကိုက်ပြုလုပ်ထားသည့် ကျည်နှင့် မြေပြင်ပစ်မှတ်ကို ထိမှန်စေရန် ကွန်တိန်နာလက်နက်စနစ်တစ်ခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်မှုဖြစ်ကြောင်း” ဆိုပါတယ်။

အဆိုပါလေ့ကျင့်ခန်းကို ရေပေါ်ပလက်ဖောင်းများပေါ်တွင် ကွန်တိန်နာလက်နက်စနစ်များကို အကဲဖြတ်ခြင်းနှင့် ပေါင်းစပ်ခြင်းအတွက် ဆက်လက်လေ့ကျင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

MK 70 ဒုံးကျည်စနစ်ကို  လော့ဟိမာတင်က ထုတ်သည့် ရေတပ်၏ ပဲ့ထိန်းဒုံးကျည် စစ်သင်္ဘောများတွင် တပ်ဆင်ထားသည့် MK 41 ဒေါင်လိုက်ပစ်လွှတ်စနစ် (VLS) ကို အခြေခံထားကြောင်း သိရပါတယ်။၎င်းတွင် ၁၂ မီတာ (ပေ ၄၀) ရှိ ကွန်တိန်နာတစ်ခုတွင် MK.41 VLS ဆဲလ်လေးခု ပါရှိပါတယ်။

MK 70 သည် အကွာအဝေး မိုင် ၁၅၀ (၂၄၀ ကီလိုမီတာ) နှင့် ၁၂၀၀ မိုင် (၁၆၀၀ ကီလိုမီတာ) အကွာအဝေး ပစ်နိုင်သော SM-6 နှင့် Tomahawk Land Attack Missile ကဲ့သို့သော တာဝေးပစ်သင်္ဘောနှင့် ဝေဟင်ပစ်လက်နက်များလို  ပစ်လွှတ်နိုင်ပါတယ်။

အဆိုပါဒုံးကျည်သည် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် မြေပြင်ပစ်လွှတ်နိုင်သော တိကျပြတ်သားသော ဒုံးကျည်စွမ်းရည်အဖြစ် တပ်ဆင်ရန် အမေရိကန်စစ်တပ်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

နျူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများသည် အကွာအဝေး ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ (၃၁၀ မှ ၃၄၁၇ မိုင်) ကြားရှိ မြေပြင်ပစ် ခရုဇ်နှင့် ပဲ့ထိန်းဒုံးကျည်များအားလုံးကို လက်ဝယ်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားပါတယ်။

စာချုပ်တွင် ပင်လယ်ပြင်နှင့် ဝေဟင်ပစ် ဒုံးကျည်များ အကျုံးဝင်ခြင်းမရှိပေ။

အမေရိကန်စစ်တပ်သည် MK 70 အမျိုးအစားဖြစ်သည့် Mid-Range Capability စနစ်မှ Tomahawk ဒုံးကျည်ပထမဆုံး စမ်းသပ်ပစ်လွှတ်မှုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။

Linko
Ref - Thedefensepost