【 နိုင်ငံတကာ 】 နော့ဒ်စတွမ်း ဖျက်ဆီးမှုအပေါ် လုံခြုံရေးကောင်စီ အရေးမယူသောကြောင့် ရုရှား စိတ်ပျက်

【 နိုင်ငံတကာ 】 နော့ဒ်စတွမ်း ဖျက်ဆီးမှုအပေါ် လုံခြုံရေးကောင်စီ အရေးမယူသောကြောင့် ရုရှား စိတ်ပျက်

ပေကျင်း၊ မတ် - ၁၆

နော့ဒ်စတွမ်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးမယူခြင်းကို မကျေနပ်ကြောင်း ရုရှားနိုင်ငံက ကြာသပတေးနေ့တွင် ဖော်ပြလိုက်ပါတယ်။

ထိုဖြစ်ရပ်အပေါ် လုံခြုံရေးကောင်စီ ဆွေးနွေးမှုများအပြီး သတင်းထောက်များကို ပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ ရုရှား ပထမ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဒီမီထရီ ပိုလီယန်းစကီးက နော့ဒ်စတွမ်း စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး လုံးဝကျေနပ်နိုင်ဖွယ်မရှိသော အခြေအနေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များသို့ ပြောကြားခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော တစ်နှစ်ပြည့် ၂၀၂၃ ခုနှစ် မတ်လတွင် နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အဆိုပြုရေး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးကို တောင်းဆိုပြီး ရုရှားက ရေးဆွဲသည့် မူကြမ်းကို လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။နောက်ပိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်ထုတ်ရန် ရုရှားက တောင်းဆိုသော်လည်း ပိတ်ဆို့ခံရကြောင်း ပိုလီယန်းစကီးက ပြောပါတယ်။

ထိုသို့အရေးယူမှုကို ဆန့်ကျင်သည့် ကောင်စီဝင်များက ၎င်းတို့သည် ဒိန်းမတ်၊ ဆွီဒင်နှင့် ဂျာမဏီ နိုင်ငံများ၏ စုံစမ်းစစ်ဆေးမှုကို အချိန်ပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင် လုံခြုံရေးကောင်စီက အရေးယူမှုပြုလုပ်ရန် တောင်းဆိုသည့် ရုရှား၏ မည်သည့်လုပ်ရပ်မဆိုကို အမေရိကန်နှင့် မဟာမိတ်များက ပယ်ချကြသည်ဟု သူက ပြောပါတယ်။

“အထက်ဖော်ပြပါ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဂျာမဏီ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ပေမယ့် ဘာရလဒ်မှ ဖြစ်မလာဘူး။ရုရှားအတွက် ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ ရုရှားဟာ ဒီကိစ္စကြောင့် ထိခိုက်တဲ့ နိုင်ငံဖြစ်ကြောင်း သံသယဖြစ်စရာ မလိုတာတောင်မှ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားထုတ်မှုတွေကို ပိတ်ဆို့ကြတယ်” ဟု သူက ဆက်ပြောပါတယ်။

နိုင်ငံအလိုက် စုံစမ်းစစ်ဆေးမှုများသည် ကောက်ချက်ချနိုင်ခြင်း မရှိသောကြောင့် ထိုစုံစမ်းစစ်ဆေးမှုသည် လူသတ်မှုကို တစ်နှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် ထိုအမှုသည် လူသတ်မှုဖြစ်ကြောင်း ကောက်ချက်ချသည့်သဘော ဖြစ်နေသည်ဟု ပိုလီယန်းစကီး ပြောခဲ့ပါတယ်။

“ဟုတ်တယ်။ဒါဟာ ကျေနပ်လက်ခံနိုင်ဖွယ်မရှိဘူး။နိုင်ငံတကာအားထုတ်မှုကို လှောင်ပြောင်တာလို့ ကျနော်ပြောရမှာပဲ” ဟု သူကပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG