【 နိုင်ငံတကာ 】 နေတန်ယာဟုကို အစ္စရေးသမိုင်းတစ်လျှောက် အဆိုးဆုံးနိုင်ငံရေးသမားဟု နေတိုးခေါင်းဆောင်ဟောင်း ခေါ်ဆို

【 နိုင်ငံတကာ 】 နေတန်ယာဟုကို အစ္စရေးသမိုင်းတစ်လျှောက် အဆိုးဆုံးနိုင်ငံရေးသမားဟု နေတိုးခေါင်းဆောင်ဟောင်း ခေါ်ဆို

အိုဗီဒို၊ အောက်တိုဘာ - ၃၁

နေတိုးအကြီးအကဲဟောင်း ဂျာဗီးယားဆိုလာနာက အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကို အစ္စရေးသမိုင်းမှာ အဆိုးရွားဆုံး နိုင်ငံရေးသမားလို့ သူယုံကြည်ကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းမှာ ဒီလရဲ့ အဖြစ်အပျက်တွေကို ရည်ညွှန်းပြီး စပိန်အသံလွှင့်ဌာန Cadena Ser သို့ပြောခဲ့ရာမှာ ဆိုလာနာက “ကျနော်ထင်တာကတော့ ဒါက ဘာမှကောင်းလာမယ်လို့ မထင်ပါဘူး” ဟု ပြောခဲ့ပါတယ်။

“ဒါပေမဲ့ နေတန်ယာဟုကို အစ္စရေးနိုင်ငံရေးကနေ ပျောက်ကွယ်သွားစေနိုင်ပါတယ်”။

အစ္စရေးကို အမေရိကန်က ထောက်ခံနေသော်လည်း သမ္မတ ဂျိုးဘိုင်ဒင်က “ဒီစစ်ပွဲမှာ အချိန်ကြာကြာပါဝင်ပတ်သက်ခဲ့သူတွေလိုပဲ နေတန်ယာဟုကို လုံးဝမကြိုက်ဘူး” ဟု စကားလုံးတွေကို တန်ဆာမဆင်ဘဲ အသက် ၈၁ နှစ်အရွယ် ဆိုလာနာက အလေးနက်ထား ပြောကြားခဲ့ပါတယ်

“သူတို့နှစ်ယောက်က သူငယ်ချင်းမဟုတ်ပေမယ့် ရန်သူတွေမဟုတ်ဘူး။ဘိုင်ဒန်ဟာ နေတန်ယာဟုကို အိမ်ဖြူတော်မှာ ဘယ်တုန်းကမှ လက်မခံခဲ့ဘူး” ဟု ယခင်သံတမန်ဟောင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

၉/၁၁ တိုက်ခိုက်မှုအပြီး အီရတ်မှာ အမေရိကန်လုပ်ခဲ့တဲ့ အလားတူ အမှားမျိုး ထပ်မလုပ်မိအောင် နေတန်ယာဟုကို ဘိုင်ဒင်က ပြင်းပြင်းထန်ထန် ဖိအားပေး ဟန့်တားနေတယ်လို့ သူကပြောပါတယ်။  

ဆိုလာနာသည် ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ နေတိုးအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊ အီးယူ၏ သံတမန်အကြီးအကဲအဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိလည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှ အီဂျစ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည့် ရာဖာနယ်စပ်ဖြတ်ကျော်မှုကို ကြီးကြပ်ရန် အီးယူ မှ စေ့စပ်ညှိနှိုင်းခြင်းအပါအဝင် ၎င်း၏အသက်မွေးဝမ်းကြောင်းကာလအတွင်း ဂါဇာတွင် အချိန်များစွာကုန်ဆုံးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး ထိုအစီအစဉ်ကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ရာ ၁၉ လ ကြာခဲ့ပါတယ်။     

Linko
Ref - Anadolu Agency