【 နိုင်ငံတကာ 】 နိုင်ငံအကြီးအကဲများ ဖုန်းဖြင့် ဆွေးနွေးစဉ် တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကတိပြု

【 နိုင်ငံတကာ 】 နိုင်ငံအကြီးအကဲများ ဖုန်းဖြင့် ဆွေးနွေးစဉ် တွေ့ဆုံဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကတိပြု

ပေကျင်း၊ ဧပြီ - ၄

အင်္ဂါနေ့ ညနေပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့ပါတယ်။

ဆက်လက် အဆက်အသွယ်ထားရှိရန် နှစ်ဘက်သဘောတူပြီး ဆန်ဖရန်စစ္စကို ရည်မှန်းချက် အောင်မြင်ရေးအတွက် ၎င်းတို့အဖွဲ့များကို တာဝန်ပေးခဲ့ပါတယ်။

“တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့လို နိုင်ငံကြီးတွေဟာ ဆက်ဆံရေး မဖြတ်တောက်သင့်သလို တစ်ဘက်နဲ့ တစ်ဘက်လည်း ကျောမခိုင်းသင့်ဘူး။ပဋိပက္ခဖြစ်တာ ထိပ်တိုက်တွေ့တာတွေ ပိုလို့တောင်မှ မဖြစ်သင့်ဘူး” ဟု ရှီက ဘိုင်ဒင်ကိုပြောပြီး နှစ်နိုင်ငံ အပြန်အလှန်လေးစားရန်၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန်နှင့် နှစ်ဘက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းခဲ့ပါတယ်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် နိုင်ငံအကြီးအကဲ ၂ ဦး ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံပြီးနောက် ဆန်ဖရန်စစ္စကို ရည်မှန်းချက် လမ်းညွှန်မှုအောက်တွင် တရုတ်နှင့် အမေရိကန်အကြား အဆင့်အားလုံးတွင် ဆက်သွယ်မှုနှင့် အမြင်ဖလှယ်မှုများ မကြာခဏဖြစ်ပေါ်လာပါတယ်။

သံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုများ ရရှိနေပါတယ်။

           ငြိမ်းချမ်းရေး တည်ငြိမ်မှုနှင့် ယုံကြည်မှု

“နှစ်ဘက်လုံးက တစ်ဘက်နဲ့ တစ်ဘက် မိတ်ဘက်လို့ သဘောထားပြီး အပြန်အလှန်လေးစားမှု ဖော်ပြပြီး ငြိမ်းချမ်းစွာပူးတွဲနေထိုင်နေသမျှ တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည်” ဟု ရှီက အမေရိကန်စီးပွားရေး၊ သေနင်္ဂဗျူဟာနှင့် ပညာရှင်အသိုက်အဝန်း ကိုယ်စားလှယ်များနှင့် မတ်လ ၂၇ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သောလများအတွင်း နှစ်ဘက်လုံးမှ အရာရှိများသည် ဆန်ဖရန်စစ္စကို ရည်မှန်းချက်ကို ရိုးသားတည်ကြည်စွာ ပြုမူပြီး တရုတ်-အမေရိကန် ဆက်ဆံရေးသည် စတင်တည်ငြိမ်လာပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG