【 နိုင်ငံတကာ 】 နာဂိုရာနို-ကာရာဘတ်ဒေသမှာ လောင်စာဆီဆိုင်ပေါက်ကွဲလို့ လူ ၂၀၀ ကျော် ဒဏ်ရာရ

【 နိုင်ငံတကာ 】 နာဂိုရာနို-ကာရာဘတ်ဒေသမှာ လောင်စာဆီဆိုင်ပေါက်ကွဲလို့ လူ ၂၀၀ ကျော် ဒဏ်ရာရ

စတီဖန်နာကတ်၊ စက်တင်ဘာ - ၂၆

ပြီးခဲ့သည့် သီတင်းပတ်က ထိုးစစ်ဆင်နွှဲပြီးနောက် အဇာဘိုင်ဂျန်စစ်တပ်က အပြည့်အဝထိန်းချုပ်ထားတဲ့ အာမေးနီးယန်းလူမျိုးစု ခွဲထွက်နယ်မြေဖြစ်တဲ့ နာဂိုရာနို-ကာရာဘတ်ဒေသမှာ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့လို့ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့ ညနေပိုင်းက ဒေသဆိုင်ရာမြို့တော်ဖြစ်တဲ့  စတီဖန်နာကတ် (Stepanakert) အနီးက လောင်စာဆီသိုလှောင်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး အများစုက ပြင်းထန်တဲ့ ဒါမှမဟုတ် အလွန်ဆိုးရွားတဲ့အခြေအနေမှာရှိနေတယ်လို့ နာဂိုရာနို-ကာရာဘတ်ဒေသ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူ  ဂီဟမ်စတီဖန်ယမ်က တွစ်တာမှာ ပြောခဲ့ပါတယ်။

ပေါက်ကွဲမှုမှာ ယင်းဒေသမှ ထွက်ခွာရန်အတွက် ဒေသခံများက ၎င်းတို့၏ ကားများအတွက် လောင်စာဆီယူရန် တန်းစီနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုက ဘာအကြောင်းကြောင့်ဆိုတာ ချက်ချင်းမသိရသေးပေ။

ထိခိုက်ဒဏ်ရာရသူများအား  အသက်ကယ်ဆယ်ရန် ဆေးဝါးကုသဖို့အတွက် ဒေသပြင်ပသို့ လေယာဉ်ဖြင့် ပို့ဆောင်ရန်လိုအပ်ကြောင်း စတီဖန်ယမ်က ပြောပါတယ်။

သေဆုံးမှု ရှိ၊ မရှိ အတိအကျ မသိရသေးပေ။

Linko
Ref - Theguardian