【 နိုင်ငံတကာ 】 ဒီအချိန်ဟာ စစ်ပွဲအတွက် အသင့်ဖြစ်ရမယ့်အချိန်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

【 နိုင်ငံတကာ 】 ဒီအချိန်ဟာ စစ်ပွဲအတွက် အသင့်ဖြစ်ရမယ့်အချိန်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြောကြား

ပြုံးယမ်း၊ ဧပြီ - ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံပတ်ဝန်းကျင်ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ပထဝီဝင် နိုင်ငံရေးအခြေအနေတွေကို ရည်ညွှန်းကာ အခုအချိန်ဟာ စစ်ပွဲအတွက် အရင်ကထက် ပိုပြင်ဆင်ရမယ့်အချိန်လို့ နိုင်ငံရဲ့ အဓိကစစ်တက္ကသိုလ်ကို စစ်ဆေးနေစဉ်မှာ ပြောခဲ့ကြောင်း KCNA သတင်းဌာနက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

“စစ်ပညာအတွက် အမြင့်ဆုံးနေရာ” ဆိုသော ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်သွားသည် ၎င်း၏ဖခင် ကင်ဂျုံအီလ်အမည်ကို အစွဲပြုဖွင့်ထားသည့် စစ်ဘက်နှင့် နိုင်ငံရေးတက္ကသိုလ်တွင် ကင်ဂျုံအမ်က ဗုဒ္ဓဟူးနေ့တွင် ကွင်းဆင်း လမ်းညွှန်မှုပေးခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအမ်လက်ထက် မြောက်ကိုရီးယားသည် မကြာသေးမီနှစ်များအတွင်း လက်နက်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ရုရှားနှင့် ပိုမိုနီးကပ်သော စစ်ရေးနှင့် နိုင်ငံရေးအရ ဆက်ဆံမှုများ ပြုလုပ်ခဲ့သဖြင့် ယူကရိန်းနဲ့ စစ်ပွဲတွင် မော်စကိုအား ဗျူဟာမြောက် စစ်ရေးပရောဂျက်တွေမှာ အကူအညီပေးဖို့ ကူညီပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

“အကယ်၍ ရန်သူက မြောက်ကိုရီးယားနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်မည်ဆိုပါက မြောက်ကိုရီးယားသည် ရန်သူအား ၎င်း၏ လက်ဝယ်ရှိ နည်းလမ်းပေါင်းစုံဖြင့် စုရုံးကာ မဆိုင်းမတွ သေဒဏ်ပေးလိမ့်မည်” ဟု တက္ကသိုလ်ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို ကင်က ပြောခဲ့သည်ကို ကိုးကားပြီး KCNA က ဖော်ပြခဲ့ပါတယ်။

“ရှုပ်ထွေးပွေလီသော နိုင်ငံတကာအခြေအနေများကို အကြမ်းဖျင်းဖော်ပြခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံတစ်ဝိုက်တွင် မသေချာမရေရာသော မတည်မငြိမ်ဖြစ်နေသော စစ်ရေးနှင့် နိုင်ငံရေးအခြေအနေကိုပြောကာ ယခုအချိန်သည် ယခင်ကထက် စစ်ပွဲအတွက် ပိုမိုသေချာစွာ ပြင်ဆင်ရမည့် အချိန်ဖြစ်သည်” ဟု သူကပြောခဲ့ကြောင်း KCNA မှ ဖော်ပြခဲ့ပါတယ်။

ယခုလအစောပိုင်းတွင် ကင်သည် အစိုင်အခဲလောင်စာသုံး၍ အသံထက်မြန်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့ရာ မြောက်ကိုရီးယားသည် လောင်စာရည်အမျိုးအစားများထက် ဒုံးကျည်များကို ပိုမိုထိရောက်စွာ ဖြန့်ကြက်နိုင်စွမ်း အားကောင်းလာစေနိုင်မည်ဟု သုတေသီများက ပြောခဲ့ပါတယ်။

မကြာသေးမီလများအတွင်း ပိုမိုပြင်းထန်သော စစ်ရေးလေ့ကျင့်မှုများ မဟာမိတ်များဘက်က ပြုလုပ်ခဲ့သဖြင့် စစ်ရေးတင်းမာမှုဖြစ်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က လှုံ့ဆော်နေသည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters