【 နိုင်ငံတကာ 】 ထိုင်ဝမ် ငလျင်လှုပ်ခတ်မှု အခြေအနေကို ပြည်မကြီး သက်ဆိုင်ရာဌာနများ အလွန်ဂရုစိုက်ကြသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

【 နိုင်ငံတကာ 】 ထိုင်ဝမ် ငလျင်လှုပ်ခတ်မှု အခြေအနေကို ပြည်မကြီး သက်ဆိုင်ရာဌာနများ အလွန်ဂရုစိုက်ကြသည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

ပေကျင်း၊ ဧပြီ - ၃

ဧပြီလ ၃ ရက်နေ့က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က ပြည်မကြီး သက်ဆိုင်ရာဌာနများသည် ထိုင်ဝမ် ငလျင်လှုပ်ခတ်မှုအခြေအနေကို အလွန်ဂရုစိုက်ကြကြောင်း၊ ငလျင်ဘေးဒဏ်ခံခဲ့ရသော ထိုင်ဝမ်မွေးချင်းပေါက်ဖော်များအား နှစ်သိမ့် အားပေးကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ငလျင်လှုပ်ခတ်မှုအခြေအနေနှင့် နောက်ဆက်တွဲအခြေအနေများကို မျက်ခြေမပြတ် အာရုံစိုက်ပြီး ဘေးအန္တရာယ်ကယ်ဆယ်ရေး အကူအညီများပေးရန် ဆန္ဒရှိကြောင်း Zhu Fenglian က ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။