【 နိုင်ငံတကာ 】 ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အား တည်ကြည်လေးနက်စွာ သတိပေး

【 နိုင်ငံတကာ 】 ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အား တည်ကြည်လေးနက်စွာ သတိပေး

ပေကျင်း၊ မတ် - ၂၂

မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါတယ်။

ထိုပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်တပ်ဖွဲ့၏ အိန္ဒိယ သမုဒ္ဒရာ-ပစိဖိတ် သမုဒ္ဒရာ စစ်ဦးစီးဌာနချုပ် စစ်ဦးစီးချုပ် Aquilino ၏ သက်ဆိုင်ရာ ပြောဆိုချက်များနှင့်ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခဲ့ပါတယ်။

လင်ကျန့်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်ပြီး၊ ထိုင်ဝမ်ရေးရာများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း၊ ထိုင်ဝမ်ပြဿနာဖြေရှင်းရေးသည် တရုတ်လူမျိုးများ၏ ကိုယ်တိုင်အရေးဖြစ်ပြီး ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဟု အမေရိကန်အား တည်ကြည်လေးနက်စွာ သတိပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။