【 နိုင်ငံတကာ 】 ထိုင်ဝမ်ငလျင် လူ ၉ ဦးသေဆုံးကာ ၅၂ ဦးပျောက်ဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရ

【 နိုင်ငံတကာ 】 ထိုင်ဝမ်ငလျင် လူ ၉ ဦးသေဆုံးကာ ၅၂ ဦးပျောက်ဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရ

တိုင်ပေ၊ ဧပြီ - ၄

၂၅ နှစ်အတွင်း ထိုင်ဝမ်၏ အပြင်းထန်ဆုံး ငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့ပါတယ်။

ပြင်းအား ၇.၂ ရှိတဲ့ ကျွန်းအရှေ့ဘက်ကမ်းလွန်မှာ ဗုဒ္ဓဟူးနေ့ မနက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူကိုးဦးသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ကြမ်းတမ်းပြီး သာယာလှပသော အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဟွာလီယန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး ငလျင်ကြောင့် အောက်ထပ်ပြိုကျသည့် ဒါဇင်နဲ့ချီတဲ့ အဆောက်အဦတွေ ကျန်ခဲ့ကာ ပျက်စီးခဲ့ပြီး ကျောက်ဆောင်များနှင့် မြေပြိုမှုများကြောင့် လမ်းများ၊ တံတားများနှင့် လိုဏ်ခေါင်းများ ပျက်စီးခဲ့ပါတယ်။

ကြာသပတေးနေ့နံနက် အမျိုးသားမီးသတ်အေဂျင်စီ၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်တွင် လူ ၁၀၃၈ ဦး ဒဏ်ရာရခဲ့ပြီး ၅၂ ဦး ပျောက်ဆုံးနေကာ အဆက်အသွယ်မရသေးဟု ဆိုသည်။ငလျင်ကြောင့် သေဆုံးသူကိုးဦးရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ဟွာလီယန်မှဖြစ်ကြောင်း ဆိုပါတယ်။

တာရိုကိုအမျိုးသားဥယျာဉ်တွင် နံနက်ခင်းလမ်းလျှောက်ထွက်သည့်အဖွဲ့မှ လူသုံးဦးမှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျောက်ဆောင်များ လျှောကျလာမှုကြောင့် ပိကာ သေဆုံးခဲ့ပါတယ်။

အမျိုးသားဥယျာဉ်အတွင်း ပိတ်မိနေသူများကို ရှာဖွေရန် ကယ်ဆယ်ရေးသမားများသည် ဒရုန်းများနှင့် ရဟတ်ယာဉ်များကို အသုံးပြုနေကြောင်း မီးသတ်အေဂျင်စီက ပြောကြားခဲ့ပါတယ်။

အမျိုးသားဥယျာဉ်အတွင်းရှိ ဟိုတယ်တစ်ခုသို့ သွားရာလမ်းတွင် အလုပ်သမား ၃၈ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ကျန်သူများမှာ ဘေးကင်းကြောင်း ဆိုပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Aljazeera